သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆင်းရဲမှုကြောင့် ရိုဟင်ဂျာများ ထွက်ပြေးဟု WFP ပြော


မြန်မာနိုင်ငံက မွတ်စလင် ရိုဟင်ဂျာတွေ တစ်နှစ်တစ်နှစ် ထောင်ဂဏန်းနဲ့ ချီပြီး ထွက်ပြေးနေကြတဲ့ အဓိက အကြောင်းရင်းက ငတ်မွတ်ခေါင်းပါးမှုနဲ့ အခြေခံ စားသောက်ကုန်များ ရှားပါးမှုကြောင့် ဖြစ်တယ်လို့ စားနပ်ရိက္ခာအစီအစဉ် ခေါ် WFP ကုလသမဂ္ဂအေဂျင်စီ ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် က ဝေဖန်ပြောဆိုပါတယ်။

မကြာသေးခင်လများအတွင်း မြန်မာနိုင်ငံက လူနည်းစု မွတ်စလင် ထောင်ပေါင်းများစွာတို့ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ခွာပြီး အဲဒီကတဆင့် အရှေ့တောင်အာရှ နိုင်ငံများကို လှေစီးပြီး ထွက်ပြေးကြရာကနေ ရိုဟင်ဂျာများရဲ့ ဘဝအခြေအနေဆိုး ပေါ်လွင်သတိထားမိလာကြတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံ ကမ်းရိုးတမ်းများမှာ သောင်တင်နေကြတဲ့ ရိုဟင်ဂျာများ ကိစ္စ အခြေအတင် ပြောဆိုလာကြရတာပါ။ ထိုင်းစစ်တပ်က လှေစီးရိုဟင်ဂျာများကို မတော်မတရား ပင်လယ်ထဲကို ပြန်လည်မောင်းထုတ်လိုက်ကြောင်း စွပ်စွဲသံများလည်း ထွက်ပေါ်ခဲ့ပါတယ်။

ရိုဟင်ဂျာတွေ ရင်ဆိုင်ရတဲ့ အဓိကအချက်ကြီးကတော့ ငတ်မွတ်ခေါင်းပါးမှု၊ အာဟာရချို့တဲ့မှု တွေ ပိုပြီးတော့ ဆိုးရွားလာလို့ဖြစ်ပြီး စားနပ်ရိက္ခာ ပြတ်တောက်မှုကလည်း သူတို့ကို ပိုမိုစိတ်ဓါတ် ကျဆင်းစေတယ်လို့ အဲဒီ စားနပ်ရိက္ခာ အစီအစဉ်ရဲ့ ဒေသဆက်ဆံရေးမှူး ပေါ် ဝစ်စလီ က ဝေဖန်ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG