သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်များ အခွန် လျော့တော့မည်


အမေရိကန်နိုင်ငံသား အလုပ်သမားအားလုံးရဲ့ ၉၅ % အတွက် အခွန်လျော့ချမှုတွေကို စနေနေ့က စတင်လိုက်တာမို့ အခု ဧပြီလ ၁ ရက်နေ့ လခရတဲ့အခါမှာ အကျိုးအမြတ်ကို စပြီး ခံစားရတော့မယ်လို့ အမေရိကန် သမ္မတ ဘားရက် အိုးဘားမား က ပြောကြားလိုက်ပါတယ်။

အမေရိကန်မိသားစုအများစုအတွက် တလကို အပိုဝင်ငွေ အမေရိကန် ဒေါ်လာ ၆၅ ဒေါ်လာရနိုင်မယ်လို့ စနေနေ့ သမ္မတ မိန့်ခွန်းမှာပြောကြားပါတယ်။ ဒါ့အပြင် အခု အခွန်ခလျော့ချမှုအတွက် အမေရိကန် ရာဇဝင်မှာ မကြုံဖူးအောင် မြန်ဆန်တာကိုလည်း အမေရိကန် နိုင်ငံသားတွေ ပိုပြီး တွေ့လာရတော့မယ်လို့ ဆိုပါတယ်။

အခု အခွန်လျော့ချပေးမှုဟာ သမ္မတ ရွေးကောက်ပွဲတုန်းက မစ္စတာ အိုးဘားမား ကတိပေးခဲ့တာရဲ့ တစိတ်တပိုင်း ဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ အမေရိကန် ရဲ့ စီးပွားရေး ပြဿနာ ပြန်လည်ဦးမော့လာဖို့နဲ့ အလုပ်အကိုင်သစ်တွေ ဖန်တီးပေးမယ့် စီးပွားရေး နိုးထစေမယ့် အစီအစဉ်အဖြစ် ဒေါ်လာ သန်း ထောင်ပေါင်း ၈,၈၇၀,၀၀၀ သုံးစွဲတဲ့ ဥပဒေကနေ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

အတိုက်အခံ ရီပါပလစ်ကန်ပါတီက ဒေးဗစ် ကန့် ကတော့ သူ့ပါတီ အနေနဲ့ သမ္မတ အိုဘားမား ရဲ့ နိုင်ငံစီးပွားရေး အဖက်ဆယ်ရေး အစီအစဉ်မှာ လက်တွဲလုပ်ဆောင်ချင်ပေမယ့် အနာဂတ် နောင်လာနောင်သားတွေအဖို့ အကြွေးတွေ ထပ်မတင်စေဖို့ တာဝန်အပြည့်အ၀ ယူနိုင်တဲ့နည်းလမ်းကို လျှောက်လှမ်း ချင်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG