သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးအကျပ်အတည်းကိစ္စ နိုင်ငံကို အိုဘားမား မိန့်ခွန်းပြောမည်


အမေရိကန်သမ္မတ ဘားရက်အိုဘားမား က တိုင်းပြည်မှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ စီးပွားရေးကိစ္စ အ၀၀နဲ့ပတ်သက်ပြီး ဒေသစံတော်ချိန် အင်္ဂါနေ့ည ၉ နာရီမှာကျင်းပမယ့် အမေရိကန် အထက်နဲ့အောက်လွှတ်တော် ပူးတွဲစည်းဝေးပွဲမှာ မိန့်ခွန်းပြောမှာဖြစ်ပါတယ်။

မနေ့အစောပိုင်းတုန်းကလည်း အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ်ဥက္ကဌ ဘန် အက်စ် ဘနန်ကီ (Ben S. Bernanke) က အမေရိကန်ရဲ့ စီးပွားရေးအခြေအနေဟာ အလွန်အမင်း ဆုတ်ယုတ်နေတယ်။ တိုင်းပြည်တွင်းက ကြုံတွေ့နေရတဲ့ ငွေကြေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ အားနည်းမှုတွေဟာ တခုကိုတခု ပိုပြီး အခြေအနေဆိုးစရာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

မနေ့တုန်းက စီးပွားရေးဆိုင်ရာ အစီရင်ခံစာသစ်တွေက အချက်အလက်တချို့အရ အစိုးရရဲ့ စီးပွားရေးမူဝါဒ ချမှတ်သူတွေ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ထောက်ပြခဲ့ပါတယ်။ ဈေးကွက်အပေါ် စားသုံးသူတို့ ယုံကြည်အားနည်းမှု၊ အားထားမှုကျဆင်းမှုနဲ့ အိမ်ဈေးတွေဟာ စံချိန်ချိုးလောက်အောက် ထပ်မံကျဆင်းသွားတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG