သုံးရလွယ်ကူစေသည့် Link များ

တာရှည်ခံ ကာကွယ်ဆေးနဲ့ Warfarin ဆေး သုတေသန


ဖေဖ၀ါရီ ၂၅၊ ၂၀၀၉။ ကျောက်ရောဂါ ပိုလီယိုရောဂါတို့လို ကမ္ဘာမှာ ကြောက်စရာအကောင်းဆုံး ရောဂါအချို့ကို ကာကွယ်တဲ့အနေနဲ့ ဆေးပညာရှင်တွေဟာ ကာကွယ်ဆေးတွေ ထုတ်လုပ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ကာကွယ်ဆေးတွေ အကန့်အသတ်တခုတော့ ရှိနေဆဲပါ။ ကာကွယ်ဆေးအတွက် ဆေးထိုးအပ်သုံးရတာ ထိရောက်ဖို့ဆိုရင် တကြိမ်မက သုံးစွဲရတဲ့ကိစ္စပါ။

အကယ်လို့များ ကာကွယ်ဆေးတွေကို ဆေးထိုးတာလည်း မဟုတ်ပဲ ပါးစပ်က သောက်သုံးနိုင်မယ်ဆိုရင် ပိုပြီး သုံးစွဲမှုတွေ လွယ်ကူလာမှာပါ။ အခုတော့ ဒါဟာ ဖြစ်နိုင်ချေရှိတယ်ဆိုတာကို ဆေးသိပ္ပံပညာရှင်တွေ ယူဆလာပါတယ်။

မြောက်ကယ်ရိုလိုင်းနားပြည်နယ်တက္ကသိုလ်က အဏုဇီဝဗေဒပညာရှင် Todd Klaenhammer ဟာ lactobacillus acidophilus လို အစားအစာတွေမှာ ထည့်သွင်းတဲ့ ဘတ်တီးရီယားမျိုးတွေကို အချိန်ယူလေ့လာပါတယ်။ အစာအိမ်လမ်းကြောင်းထဲမှာ ကာကွယ်ဆေးကို သူ့ရဲ့မူလအာနိသင်လည်း မပျက်စေပဲ ရှိနေစေဖို့ ဒီအစားအစာမှာ သုံးတဲ့ ဘတ်တီးရီယားမျိုးကို အသုံးချနိုင်မယ်လို့ Klaenhammer နဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေက သဘောပေါက်ခဲ့ကြပါတယ်။

အစားအစာမှာရှိတဲ့ ဘတ်တီးရီယားမျိုးကို ဒီကာကွယ်ဆေးထဲ ထည့်လိုက်မယ်ဆိုရင် ဘတ်တီးရီယားက အစာအိမ်လမ်းကြောင်းထဲမှာ ရှင်သန်နိုင်တာမို့ Mucosal immunity system လူ့ကိုယ်ခံအားတည်ဆောက်မှုစနစ်ထဲမှာ ကာကွယ်ဆေးကို အာနိသင်မပျက်အောင် ဒီ ဘတ်တီးရီယားက ထိန်းထားပေးနိုင်ပါတယ်။

သူတို့ဟာ အဲဒီနည်းကိုသုံးပြီး စမ်းသပ်ခန်းမှာ anthrax ကာကွယ်ဆေးနဲ့ ကြွက်ငယ်တကောင်ကို စမ်းသပ်ခဲ့ပါတယ်။ ဒီနည်းကိုသုံးပြီး ကာကွယ်ဆေးတွေကို အချိန်ကြာကြာ သိုလှောင်ထားနိုင်မယ်ဆိုရင် ကာကွယ်ဆေးဖြန့်ဖြူးရာမှာ ပိုပြီး ထိရောက်လာမယ့် နောက် အသုံးတည့်နိုင်တဲ့ နည်းလမ်းလည်း ဖြစ်လာပါတယ်။ အခု တွေ့ရှိချက်ကို သက်ရှိလူသားမှာ စမ်းဖို့ နောက်ထပ် တနှစ် နှစ်နှစ်လောက်ပဲ စောင့်ရတော့မယ်လို့လည်း Klaenhammer က ပြောပါတယ်။

ဒီစမ်းသပ်ချက်နဲ့ သွေးကြောထဲ သွေးခဲတာကို ချေဖျက်ပေးနိုင်တဲ့ Warfarin ဆေး သုတေသနပြုချက် နှစ်မျိုးကို အခု အပတ်ကျန်းမာရေးအစီအစဉ်မှာ ကိုသားညွန့်ဦးက စီစဉ်တင်ဆက်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG