သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရကို အာစီယံ က ဖိအားပိုပေးဖို့ အမေရိကန် တိုက်တွန်း


မြန်မာနိုင်ငံ နိုင်ငံရေး ပြုပြင်ပြောင်းလဲ တိုးတက်ရေးအတွက် စစ်အစိုးရကို ထိုင်းနိုင်ငံမှာ စည်းဝေးတဲ့အခါ ဖိအားပေးကြပါလို့ အာစီယံအသင်းကို အမေရိကန် က တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံနဲ့ ထားရှိတဲ့ အဆက်အသွယ်များကို အသုံးချပြီး မြန်မာနိုင်ငံကို ပိုမို ပွင့်လင်းမှု ရှိတဲ့ နိုင်ငံရေး တိုးတက်မှု ရရှိရေးအတွက် အတွေးအခေါ်သစ်နဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ စစ်အစိုးရကို အားပေးကြပါလို့ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး စကော့ မာဆီးယား က ဗီယက်နမ် နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က သတင်းထောက်များနဲ့ တွေ့ဆုံရင်း အာစီယံ အသင်းဝင်နိုင်ငံများအား တိုက်တွန်းပြောကြားသွားပါတယ်။ မြန်မာနိုင်ငံပါဝင်တဲ့ အာစီယံ အသင်းဝင် ၁၀နိုင်ငံ ထိပ်သီးစည်းဝေးပွဲ သောကြာနေ့ ထိုင်းနိုင်ငံမှာ စတင် ကျင်းပမှာပါ။ မကြာသေးခင်က အတည်ပြုလိုက်တဲ့ အာစီယံ ပဋိဉာဏ် စာတမ်းမှာ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ မူများ ပါဝင်ပြီး လူ့အခွင့်အရေး အဖွဲ့အစည်းတရပ် ထူထောင်ရေးလည်း ပါဝင်ပေမဲ့ အာစီယံအသင်းရဲ့ အတွင်းရေးမှူးချုပ် စူရင် ပတ်ဆူဝန်ကတော့ နိုင်ငံအားလုံး သဘောတူမှသာ လုပ်ဆောင်လို့ ရတယ်လို့ ပြောဆိုပါတယ်။ အဲဒါကြောင့် အာစီယံ အသင်းဝင် နိုင်ငံ တနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ စွတ်စွဲခံရရင် မြန်မာနိုင်ငံက ဒါမှမဟုတ် တခြား တနိုင်ငံက ဗီတိုသုံး ပယ်ချခွင့် ရှိပါတယ်။

အမေရိကန်နဲ့ အနောက်တိုင်း က စစ်အစိုးရကို စီးပွားရေးအရ ဒဏ်ခတ်အရေးယူထားပြီး တချို့နိုင်ငံတွေ ကတော့ ပြည်တွင်းရေးမှာ ဝင်မစွက်ရေး ဆက်ဆက်ဆံဆံ လုပ်ရေး ဝါဒ ကျင့်သုံးကြပါတယ်။ အဲဒီ ၂နည်းစလုံး အရာမရောက် အလုပ်မဖြစ်လို့ နည်းလမ်းသစ်နဲ့ ချည်းကပ်ရေး၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒအသစ် ပြန်လည် စဉ်းစားသုံးသပ်နေပြီလို့ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က မကြာသေးခင်က ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG