သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား အစိုးရဘတ်ဂျက် တင်ပြ


သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က သူ့ရဲ့ ပထမဆုံး ဘတ်ဂျက်အဆိုပြုချက်က ဒေါ်လာ ဘီလီယံ ၃,၀၀၀ သုံးစွဲမှာဖြစ်ပြီး နိုင်ငံရဲ့ အလိုအပ်ဆုံးတွေကို ကိုင်တွယ်သွားမယ်လို့ ဆိုလိုက်ပါတယ်။ ၂၀၀၉ ခုနှစ် ဘတ်ဂျက်လိုငွေ ဘီလီယံ ၁,၇၅၀ရှိမယ်လို့ ခန့်မှန်းထားပြီး အဲဒီ ဘတ်ဂျက်အဆိုပြုလွှာကို ကြာသပတေးနေ့ကကွန်ဂရက်စ်လွှတ်တော်ကို တင်သွင်း လိုက်တာဖြစ်ပါတယ်။

အီရတ်နဲ့ အာဖဂန်နစ္စတန်က စစ်ပွဲများမှာ ငွေ ဘယ်လောက် သုံးစွဲခဲ့ပြီးပြီဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပထမဆုံး အကြိမ် ဖော်ပြထားတာဖြစ်တယ်လို့ သမ္မတအိုဘားမားက အိမ်ဖြူတော်မှာ ကြာသပတေးနေ့က ပြောဆိုပါတယ်။

သူ့အရင်သမ္မတ ဂျော့ချ် ဘုရှ် (George Bush) ထံက အကြွေး ဒေါ်လာ ဘီလီယံ ၁,၀၀၀အမွေဆက်ခံခဲ့ရတယ်၊ အဲဒါကြောင့် မိမိအစိုးရက ဘယ်ဘက်ဆီကို ဦးတည်သွားမလဲဆိုတာ အာရုံစိုက်နေရတယ်လို့လည်း သမ္မတအိုဘားမားက ရှင်းပြပါတယ်။

သမ္မတအိုဘားမားရဲ့ ၂၀၁၀ ခုနှစ် ဘတ်ဂျက်ထဲမှာတော့ အမေရိကန် ဘဏ္ဍာငွေကြေးစနစ်အတွက် ဒေါ်လာ ဘီလီယံ ၂၅၀ သုံးစွဲဖို့ လျာထားပြီး အဲဒီကဏ္ဍအတွက် မနှစ်က ဒေါ်လာ ဘီလီယံ ၇၀၀ သုံးစွဲခဲ့ပြီး ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံအတွက် ဒေါ်လာ ဘီလီယံ ၆၃၀ သုံးစွဲပြီး ကျန်းမာရေးကဏ္ဍများအတွက် သုံးစွဲသွားဖို့ သမ္မတအိုဘားမားက စီစဉ်ထားကြောင်း သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG