သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ပုန်ကန်မှုအတွင်း သေဆုံးအများအပြားရှိခဲ့


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်မှာ ဒီသီတင်းပတ်အတွင်းဖြစ်ခဲ့တဲ့ နယ်ခြားစောင့်
တပ်ရဲ့ပုန်ကန်မှုအတွင်း သေဆုံးသွားတာလိ့ု ယုံကြည်ရတဲ့ စစ်သားတွေရဲ့အလောင်း
တွေ မြှုပ်နှံထားတဲ့နေရာတခုကို တပ်ဖွဲ့တွေက ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်
စစ်ဘက်တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။

နှစ်ရက်ကြာ သွေးထွက်သံယိုတိုက်ပွဲတွေဖြစ်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ရိုင်ဖယ်တပ်ဖွဲ့လို့
ခေါ်တဲ့ နယ်ခြားစောင့်လက်နက်ကိုင်တပ်ရဲ့ ဌာနချုပ်ရှိရာနေရာမှာ ရုပ်အလောင်း ဒါဇင်
ပေါင်းများစွာကို တွေ့ခဲ့တာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ပုန်ကန်မှုအတွင်း သေဆုံးသွားတဲ့ ရိုင်ဖယ်တပ်ရဲ့ တပ်မှူးဖြစ်သူ ဗိုလ်ချုပ် Shakil
Ahmed ရဲ့ရုပ်အလောင်းကိုလည်း စခန်းတွင်းမှာတွေ့ရတယ်လို့ စစ်ဘက်တာဝန်ရှိသူ
တွေကပြောပါတယ်။

ကြာသပတေးနေ့မှာ လက်နက်ချခဲ့ပြီးတဲ့နောက် ထောင်နဲ့ချီတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်
တွေ ထွက်ပြေးသွားကြပါတယ်။

စခန်းထဲကို စစ်ဘက်သံချပ်ကာကားတွေ ဘယ်လိုခုခံမှုမျိုးနဲ့မှ ရင်မဆိုင်ရဘဲ ဝင်သွားကြ
တာကို တွေ့ခဲ့ကြရပြီး သွေးထွက်သံယို ဖရိုဖရဲအခြေအနေကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်သား
တွေက စပြီးစစ်ဆေးခဲ့ကြပါတယ်။ လူ ၄၀ ထက်မနည်း သေဆုံးသွားတယ်ဆိုတာကို
အတည်ပြုနိုင်ပြီဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်စစ်တပ်အရာရှိ ၁၃၀ ကျော်လည်း ပျောက်ဆုံးနေ
ဆဲရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG