သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသက်ကြီးသူတွေကြားမှာလည်း HIV ကူးစက်နှုန်းမြင့်မား


မတ် ၄၊ ၂၀၀၉၊ အသက်အရွယ်ကြီးသူတွေအကြား HIV/AIDS ရောဂါ ကူးစက်ပြန့်ပွားမှုဟာ အများယူဆထင်မြင်နေကြတာထက် ပမာဏ အတိုင်းအဆ ပိုများနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတိပေးပါတယ်။ လူကြီးပိုင်းတွေဟာ လူငယ်ပိုင်းတွေထက် လိင်ဆက်ဆံမှုပိုင်း ပိုအားနည်းတာကြောင့်လို့ အခုလို ယူဆခဲ့ကြတာပါ။

အေစ့်ခုခံအားကျဆင်းမှုရောဂါ စစ်တမ်းတွေ ယူတဲ့အခါမှာလည်း အသက် ၁၅နှစ်ကနေ ၄၉နှစ်အရွယ်အထိ သတ်မှတ် စစ်တမ်းကောက်ယူတာတွေ အဓိကလုပ်လေ့ရှိတယ်လို့ WHO အေစ့်ရောဂါဆိုင်ရာ တာဝန်ရှိသူ George Schmidt က ပြောပါတယ်။ အသက်ငါးဆယ်နဲ့အထက်ကို စစ်တမ်းယူကောက်ခံတာမျိုး ပညာပေးတာမျိုး အင်မတန်နည်းပါတယ်။

တကယ်တော့ အေစ့်ရောဂါဟာ လူမျိုး ဒေသ အသားအရောင်ကိုကြည့်ပြီး ပိုင်းခြားကန့်သတ်မထားပါဘူး။ ဒါကြောင့် အသက်အရွယ်ကြီးသူတွေအကြား စစ်တမ်းယူမှုတခုမှာတော့ အများထင်သလိုမဟုတ်ပဲ အသက်ကြီးသူတွေအကြားမှာ အေစ့်ရောဂါ ကူးစက်ပြန်နှံမှု ပမာဏအတိုင်းအဆ များနေတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာလည်း အလားတူပါ။ လူကြီးပိုင်းတွေအကြား အေစ့်ရောဂါပညာပေးအသိ အားနည်းသလို လူကြီးပိုင်းတွေမှာလည်း အဖြစ်များလာတာ သတိထားမိတယ်လို့ အေစ့်ရောဂါသည်တွေကို ကူညီစောင့်ရှောက်ရေးလုပ်နေသူတဦးဖြစ်တဲ့ မဖြူဖြူသင်းကပြောပါတယ်။ တကယ်တော့ လူကြီးတွေအကြားမှာလည်း HIV ကူးစက်ပိုးနဲ့အသိပညာ တိုးများလာမယ်ဆိုရင်တော့ ရောဂါတိုက်ဖျက်ရေးအစီအစဉ်တခုလုံးအတွက် ပိုလို အကျိုးရှိစေမှာပါ။ ဒီအကြောင်းကိုတော့ အခုအပတ် ကျန်းမာရေးအစီအစဉ်မှာ ကိုသားညွန့်ဦးက တင်ဆက်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG