သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံအဖွဲ့ကြီး နဲ့ လူ့အခွင့်အရေး


ထိုင်းနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၂ရ ရက်ကနေ မတ်လ ၁ ရက်နေ့ထိ ၁၄ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး (Association of Southeast Asian Nations (ASEAN) summit) ကို ကျင်းပပြုလုပ်သွားခဲ့ပါတယ်။ ပြီးဆုံးသွားခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ထူးခြားတဲ့ ပြောင်းလဲမှုတခုကတော့ အာဆီယံထိပ်သီးခေါင်းဆောင်တွေကိုယ်တိုင် အာဆီယံဒေသအတွင်း လူ့အခွင့်အရေးအဖွဲ့များရဲ့ ကိုယ်စားလှယ်များနဲ့ တွေ့ဆုံခဲ့ခြင်းဖြစ်ပါတယ်။ အပေါ်ယံသုံးသပ်ကြည့်ရင် ပထမဦးဆုံးအကြိမ် အာဆီယံခေါင်းဆောင်များ လူ့အခွင့်အရေးဆိုင်ရာအရေးကို တရားဝင် အရေးပေးပြောဆို လုပ်ကိုင်လာတဲ့သဘောလို့ ယူဆနိုင်ပါတယ်။ အာဆီယံအဖွဲ့ကြီးရဲ့လုပ်ဆောင်မှုက အနှစ်သာရအားဖြင့် ဘယ်လောက်ရှိသလဲ၊ ထူးခြားတိုးတက်တဲ့လုပ်ရပ်လား ဆိုတာကို အာဆီယံလူ့အခွင့်အရေးအဆင့်အတန်း၊ ကိုင်တွယ်လုပ်ကိုင်နေမှုများကို အမြဲတမ်းစောင့်ကြည့် လေ့လာနေသူများဖြစ်တဲ့ ဦးအောင်မျိုးမင်း (ညွန်ကြားရေးမှုး - မြန်မာနိုင်ငံလူ့အခွင့်အရေး ပညာပေးရေးအဖွဲ့) နဲ့ ဦးအောင်ထူး (အတွင်းရေးမှုး - မြန်မာနိုင်ငံရှေ့နေများကောင်စီ) တို့ကို ဦးကျော်ဇံသာ (ဗွီအိုအေမြန်မာသတင်းဌာန) က ဆက်သွယ်မေးမြန်းထားပြီး သူတို့ရဲ့ အမြင်၊ သုံးသပ်ဝေဖန်ချက်များကို ဆွေးနွေးတင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG