သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကုလ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် ပြန်ဖြစ်


ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အလွန်အမင်း လူ့အခွင့်အရေးချိုးဖောက်နေတဲ့ နိုင်ငံတွေကို အရေးမယူနိုင်ခဲ့ဘူးလို့ စွပ်စွဲပြီး ထွက်ခဲ့တဲ့ အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ လုပ်ငန်းများမှာ ပြန်ပါလာပါပြီ။

ဂျနီဗာမြို့ရှိ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ရုံး ယာယီအကြီးအကဲ မက်စတိုလရာ က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လူ့အခွင့်အရေးကောင်စီက မကိုင်တွယ်နိုင်ခဲ့တဲ့အတွက် အမေရိကန်အစိုးရက ပူပန်ခဲ့ကြောင်း၊ ကောင်စီအဖွဲ့ဝင်များနဲ့အတူ အားလုံးရဲ့လူ့အခွင့်အရေးအတွက် ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပြောသွားပါတယ်။

အမေရိကန်နိုင်ငံရဲ့ အရင်သမ္မတ ဂျော့ဂျ် ဘုရှ်လက်ထက်တုန်းက အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့ တိုက်ရိုက်ပတ်သက်မှသာ လျှင် လူ့အခွင့်အရေးကောင်စီကို တက်ရောက်ပြီးတော့ ခု သမ္မတဘရက်ခ် အိုဘားမား အစိုးရအဖွဲ့ကတော့ အဖွဲ့ဝင် ၄၇ နိုင်ငံ ပါဝင်တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ အကဲဖြတ်အဖြစ် ပြန်လည်ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG