သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည် အကြွေစက္ကူရှားပါး၊ အရောင်းအဝယ် အခက်တွေ့


မြန်မာနိုင်ငံမှာ ငွေစက္ကူအကြွေ ရှားပါးနေတဲ့အတွက် အရောင်းအဝယ်လုပ်ငန်းတွေ အတွက် အဆင်မပြေ ဖြစ်ရတဲ့ အခြေအနေဟာ ပိုပြီး ဆိုးရွားလာပါတယ်။ ဒါ့အပြင် ငွေစက္ကူဟောင်းတွေဟာလည်း ကိုင်လို့ ခက်ခဲလောက်အောင်ကို စုတ်ပြတ်လွန်းလှတဲ့အတွက် သုံးစွဲရာမှာ အခက်အခဲတွေ တွေ့နေကြရပါတယ်။ ဒီအကြောင်းကို စုံစမ်းမေးမြန်းထားတဲ့ မသင်းသီရိ က တင်ပြထားပါတယ်။

အကြွေဆိုလို့ သတ္ထုပြားနဲ့လုပ်ထားတဲ့ အကြွေစေ့လေးတွေ မဟုတ်ဘဲနဲ့ တစ်ဆယ်၊ နှစ်ဆယ် နဲ့ ငါးဆယ် တန်အပြင် တစ်ရာ နဲ့ နှစ်ရာတန် ငွေစက္ကူတွေပါ အဲဒီတန်ဖိုး သတ်မှတ်ထားတဲ့ ငွေစက္ကူတွေ ရှားပါးလားလို့ အခု ဈေးအရောင်းအဝယ် လုပ်ကြတဲ့နေရာမှာ အခက်အခဲတွေ ပိုဆိုးလာတယ်လို့ ပြောပါတယ်။ ဈေးဆိုင်တွေမှာ ဈေးဝယ်ရာမှာ ပြန်အမ်းရမယ့် အကြွေတွေ ရှားပါးနေတာကြောင့် ကော်ဖီထုတ် လိုမျိုး၊ ချိုချဉ်၊ စီးကရက် တွေကို ပြန်အမ်းနေတာကတော့ ကြာပါပြီ။ ဒါပေမယ့် ကျပ်တည်းလာတဲ့ စီးပွားရေး အခြေအနေတွေကြောင့် ဈေးဆိုင်တွေက ပြန်အမ်းတာကို ဈေးဝယ်သူတွေက မလိုချင်ကြသလို ပြန်အမ်းဖို့အတွက် အဲဒီအကြွေစက္ကူတန်တွေက ကိုင်မရလောက်အောင်အထိ ဟောင်းနွမ်းလွန်းလှတယ်လို့ မန္တလေးက ကုန်စုံဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

“အများစု ဆိုးဆိုးရွားရွား စုတ်ပြတ်တာ ငါးဆယ်တန် ဆိုးဆိုးရွားရွား စုတ်ပြတ်တယ်။ ရာတန် အများဆုံး စုတ်ပြတ်တယ်။ နှစ်ရာတန် က အခု ဒုတိယတန်းမှာ လိုက်လာတယ်။ နှစ်ရာတန် က အခု တော်တော်လေးကို စုတ်လည်း သည်းခံပြီး ရေနေရတဲ့အပိုင်းမှာ ပါလာပြီ။ ကျနော် ဥပမာပေါ့၊ လန်ဒန် တစ်ဗူး ဝယ်တယ်ဆိုရင် ကျနော်တို့ အရင်တုန်းကတော့ ခေါင်းလျှော်ရည်တစ်ထုပ် ထည့်ပေးရတာပေါ့နော်။ ခေါင်းလျှော်ရည်တစ်ထုပ် ထည့်ပေးတဲ့အချိန်မှာ အခုချိန်မှာ လာဝယ်တဲ့ သူတွေက ခေါင်းလျှော်ရည်ကို မယူချင်ဘဲနဲ့ စုတ်စုတ် ကြိုက်သလောက် စုတ်ပါစေ ကျနော့်ကို ပိုက်ဆံလေးပဲ အမ်းပေးပါ ဆိုပြီး ပြောတဲ့သူတွေ ရှိတယ်ပေါ့နော်။ အခုချိန်ကျတော့ သူတို့ကလည်း အဲဒီလိုအမ်းစေချင်ရင် ကိုယ်ကလည်း အဲဒီလို စုတ်တဲ့ဟာတောင် အမ်းစရာမရှိ ဖြစ်နေတာ။”

သက်ဆိုင်ရာ မြို့နယ်စည်ပင် က အပတ်စဉ် အကြွေတွေ လဲပေးမယ်လို့ ကြေညာပြောဆိုခဲ့ပေမယ့် တစ်ပတ်မှ ငွေ ၁,၀၀၀ ဖိုးသာ လဲပေးတာမို့ ဆိုင်ရှင်တွေ အလုပ်မဖြစ်ဘူးလို့လည်း ပြောပါတယ်။

“၁၅ ရက်လောက်နေမှာ တခါ လဲပေးတယ်။ အဲဒီလိုမျိုး။ ၂၀၀ တန် တမျိုးတည်းပဲ လဲပေးမယ်။ ၁,၀၀၀ ဖိုးပေါ့။ ၂၀၀ တန် ငါးရွက်ပဲ လဲပေးတယ်။ ဈေးရုံးကနေတဆင့် ကျနော်တို့ ဈေးသည် သုံးဦးကို အဲဒီလိုတော့ လဲပေးတယ်ဗျ။ ဘယ်လိုမှ မလောက်နိုင်ဘူး။ တစ်ပတ်မှာ ငါးရွက်ဆိုတော့ ကျနော်တို့က တစ်ရက်တည်းတင်တောင် ရွက်တစ်ရာ မလောက်ဘူးလေ။ တစ်ပတ် ငါးရွက်ဆိုတာကတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။”

ဒါကတော့ မန္တလေးက လက်လီလက်ကား ကုန်စုံဆိုင်တဦးက ဈေးဆိုင်တွေမှာ ကြုံနေရတဲ့ အခက်အခဲကို ပြောပြခဲ့တာပါ။

တခါ ဈေးဝယ်သူတွေဘက်မှာ ကြုံနေရတဲ့အခက်အခဲကိုတော့ အိမ်ရှင်မတဦးက အခုလို ပြောပြပါတယ်။

“အဲဒါတွေက အရမ်းကို စုတ်ပြတ်သတ်ပြီးတော့ ချေးအထပ်ထပ်နဲ့ အဲဒီလိုမျိုး ဖြစ်နေတာလေ။ အဲဒီလိုမျိုး ဆိုတော့ ဈေးဝယ်တဲ့အခါကျတော့ အရမ်း အခက်အခဲ ရှိတယ်လေ။ ပြန်အမ်းဖို့အတွက်ရော၊ ဝယ်တဲ့အခါ အကြွေပေးဖို့ရောပေါ့။ ၁,၅၀၀ ဖိုး
ဝယ်တယ်ဆိုရင် ၂,၀၀၀ ဖိုး ယူလိုက်ပါ။ အဲဒီလိုမျိုးဆိုရင် ဝယ်သူဘက်ကလည်း လိုတော့မလိုချင်ဘူးပေါ့။ အဲဒီပြဿနာက တော်တော်လေး ကြီးကြီးမားမားကို ဖြစ်နေတာ။ ငါးဆယ်တန်ရော၊ တစ်ရာတန်ရော၊ နှစ်ရာတန်ရော စုတ်ပြတ်သတ်နေတာပဲ။ နောက်ထပ်နှစ်နှစ်ဆိုရင် စက္ကူမှန်သမျှတောင် ပျောက်သွားမယ်ထင်တယ်။ အခုလို အကြွေတန်တွေ ရှားပါးတဲ့ပြဿနာ ကိုင်တွယ်လို့မရအောင်အထိ ဆွေးမြေ့ဟောင်းနွမ်းမှု ပြဿနာတွေက မန္တလေးနဲ့ ရန်ကုန်မှာလို မြို့ပြတွေမှာတင်မကဘဲနဲ့ တခြားပြည်နယ်တွေမှာလည်း အခြေအနေ ပိုဆိုးတယ်လို့ ပြောပါတယ်။

“ဘယ်လောက်ထိ ပိုဆိုးလာလဲဆိုတော့ တကယ်တမ်းဆိုလို့ရှိရင် ကျမဆိုလို့ရှိရင် တိုင်းနဲ့ပြည်နယ် တော်တော်များများကို ရောက်ဖူးပါတယ်။ အဲဒီမှာဆိုရင် ရန်ကုန်မှာ မြန်မာပြည် အကြွေစက္ကူရှားပါး၊ အရောင်းအဝယ် အခက်တွေ့

ဆိုးတယ်ဆိုတာက အခုမှပေါ့နော်။ ဒီ တိုင်းတွေပြည်နယ်တွေမှာ ဆိုလို့ရှိရင် ချင်းပြည်နယ်တို့ ကချင်ပြည်နယ်တို့မှာဆိုရင် ဒီ့ထက်ကို ပိုဆိုးပါတယ်။ စက္ကူဆိုတဲ့ အမှတ်အသားကို မပေါ်နိုင်လောက်အောင်ကို တော်တော်ကို အခြေအနေ ဆိုးပါတယ်။ အဲဒါ စက္ကူ ခပ်စုတ်စုတ် ညစ်ထပ်ထပ် ပေတူးတူး ဆိုရင် ဒါ ပိုက်ဆံပဲဆိုပြီးတော့ကို ယူနေရတဲ့အဆင့်မှာ ရောက်နေတယ်ပေါ့နော်။”

ဒါကတော့ ရန်ကုန်က အိမ်ရှင်မတဦး ပြောပြခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG