သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇင်ဘာဘွေဝန်ကြီးချုပ်ဇနီး ကားတိုက်သေဆုံး


ဇင်ဘာဘွေနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်ဖြစ်တဲ့ မော်ဂန်ရှန်ဂရိုင်း လိုက်ပါစီးနင်းလာတဲ့ ကားဟာ ဟာရာရီမြို့တော် တောင်ပိုင်းမှာ ထရပ်ကားနဲ့ တိုက်မိပြီး ကားပေါ်မှာ ပါလာတဲ့ ဝန်ကြီးချုပ်ကတော် အသက်ဆုံးပါးခဲ့ ရတဲ့အပြင် ဝန်ကြီးချုပ် မော်ဂန်ရှန် ဂရိုင်း ကို အခု ဆေးရုံမှာ တင်ထားရပါတယ်။ သူ့ရဲ့ ဒီမိုကရေစီပြောင်းလဲရေး လှုပ်ရှားမှုအဖွဲ့ ပါတီကတော့ ဘီးထရစ် မြို့နားမှာ ဖြစ်ပွားခဲ့တဲ့ ဒီကားတိုက်မှု ကြောင့် ဆေးရုံရောက်နေတဲ့ ဝန်ကြီးချုပ်ဟာ အခု အခြေအနေ တည်တည်ငြိမ်ငြိမ် ဖြစ်နေပြီလို့ ပြောပါတယ်။

ကားပေါ်မှာပါလာတဲ့ ဝန်ကြီးရဲ့ လက်ထောက်နဲ့ ကားမောင်းသမားရဲ့ အခြေအနေ ကိုတော့ အခုထိ မသိရသေးပါဘူး။ သေဆုံးသူ ဝန်ကြီးချုပ်ကတော် ဆူဇန် ရှန်ဂရိုင်း ဟာ အသက် ၅၀ ရှိပြီဖြစ်ပြီး မစ္စတာ ရှန်ဂရိုင်း ကတော့ ရှေ့သီတင်းပတ် ထဲမှာ အသက် ၅၇ နှစ်ထဲ ဝင်တော့မှာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးရုံးက ဒီဖြစ်ရပ်အတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။ ဇင်ဘာဘွေနိုင်ငံရဲ့ သမ္မတ ရောဘတ်မူဂါဘီ ဟာ ဝန်ကြီးချုပ်ကို ဆေးရုံမှာ သွားရောက်တွေ့ဆုံခဲ့ပေမယ့် သတင်းထောက်တွေရဲ့ မေးမြန်းချက်ကိုတော့ ပြန်လည်ဖြေကြားခြင်း မပြုခဲ့ပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG