သုံးရလွယ်ကူစေသည့် Link များ

ရှန်ဂရိုင်း ယာဉ်တိုက်မှုကို  MDC ပါတီ သီးခြားစုံစမ်းမည်


ဇင်ဘာဘွေဝန်ကြီးချုပ် မော်ဂန်ရှန်ဂရိုင်း စီးနင်းလိုက်ပါလာတဲ့ကား ယာဉ်တိုက်မှု မဖြစ်အောင် ရှေ့ကနေ လုံခြုံရေးသွားတဲ့ ရဲကားက တားဆီးနိုင်ဖို့ ကောင်းတယ်လို့ သူ့ရဲ့ ဒီမိုကရေစီ ပြောင်းလဲရေး လှုပ်ရှားမှုပါတီ MDC က ပြောလိုက်ပါတယ်။

မော်ဂန်ရှန်ဂရိုင်း နဲ့ ဇနီးဖြစ်သူတို့ စီးနင်းလိုက်ပါလာတဲ့ ကားဟာ ဟာရာရီ မြို့တော် တောင်ဘက်မှာ ထရပ်ကားတစီးနဲ့ တိုက်မိပြီးတဲ့နောက် ချန်ဂရိုင်းရဲ့ ဇနီးဖြစ်သူ သေဆုံးသွားပြီး သူကိုယ်တိုင်ကတော့ ဆေးရုံမှာ ကုသနေရပါတယ်။

ယာဉ်တိုက်မှု မဖြစ်အောင် ရှောင်မယ်ဆိုရင် ရှောင်နိုင်ပါတယ်လို့ ဇင်ဘာဘွေ ဘဏ္ဍာရေးဝန်ကြီး MDC အထွေထွေ အတွင်းရေးမှူးချုပ် Tendai Biti က သတင်းထောက်တွေကို ပြောပါတယ်။ ဒီဖြစ်ရပ်ဟာ လုပ်ကြံတဲ့ဖြစ်ရပ် ဟုတ်-မဟုတ် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။ MDC အနေနဲ့လည်း ကိုယ့်ဘာသာ စုံစမ်းစစ်ဆေးမယ်လို့ Biti ကပြောပါတယ်။

ဝန်ကြီးချုပ်ကားနဲ့ တိုက်မိတဲ့ ထရပ်ကားဟာ အမေရိကန်က လှူဒါန်းတဲ့ အေအိုင်ဒီအက်စ်ရောဂါဆိုင်ရာ ဆေးဝါးပစ္စည်းတွေ သယ်လာတဲ့ကား ဖြစ်တယ်ဆိုတဲ့ ကနဦးအစီရင်ခံချက် ထွက်လာပါတယ်။

ဟာရာရီမြို့ပြင်က ထိန်းသိမ်းစောင့်ရှောက်မှုညံ့ဖျင်းတဲ့ လမ်းမှာ သောကြာနေ့က ဖြစ်ခဲ့တဲ့ ယာဉ်တိုက်မှုအတွက် စုံစမ်း စစ်ဆေးဖို့ MDC တာဝန်ရှိသူတွေက တောင်းဆိုထားတာပါ။

ဝန်ကြီးချုပ် ရှန်ဂရိုင်းဟာ ဦးခေါင်းမှာဒဏ်ရာရသွားပေမဲ့ ဟာရာရီမြို့တော်က ဆေးရုံတခုမှာ အခြေအနေ ပြန်ကောင်းလာ နေပါပြီ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG