သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှိုင်မြို့ နယ် ရပ်ကွက် ( ၂ ) မီးလောင်


မနေ့ စနေနေ့ည ၉ နာရီလောက်က ရန်ကုန်တိုင်း လှိုင်မြို့နယ် (၂) ရပ်ကွက်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ နာရီပိုင်းအတွင်းမှာပဲ မီးငြိမ်းသွားခဲ့ပြီး လူအသေအပျောက်လည်း မရှိဘူးလို့ မီးလောင်တဲ့နေရာကို သွားကြည့်ခဲ့သူ တဦးက ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။

“ငြိမ်းသွားပါပြီ။ လှိုင်မြို့နယ် (၂) ရပ်ကွက်မှာပါ။ သိပ်မများပါဘူး။ တိုက်ခန်း ၃ ခန်းလောက်ပဲ ပါသွားတယ်။ ကျနော်တို့လည်း သွားကြည့်ပါတယ်။ ခုနကပဲ ပြန်ရောက်တာ။ သေတယ်ပြုတယ်တော့ မကြားပါဘူး။ ဝါယာရှော့လို့ပဲ ကြားတယ်။ ဘာမှတော့ သိပ် မဖြစ်ပါဘူး။ မီးသတ်ကားတွေကတော့ အပြည့်ပါပဲ။ လောင်တာကတော့ ကျနော် ထင်ပါတယ်။ ၄၅ မိနစ်လောက် ၁နာရီ လောက် ကြာလိမ့်မယ်တော့ ထင်တယ်။ ကျနော်တို့ သိတဲ့အချိန်က နောက်ကျတာကိုး။”

အဲဒါကတော့ မနေ့ညက လောင်ခဲ့တဲ့ လှိုင်မြို့နယ်က မီးအကြောင်း မျက်မြင်သက်သေတယောက်က ရှင်းပြခဲ့တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG