သုံးရလွယ်ကူစေသည့် Link များ

၂၀၀၉ ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်နိုင်ခြေ ကမ္ဘာ့ဘဏ် တွက်ဆ


ကမ္ဘာ့စီးပွါးရေးဟာ ဒုတိယ ကမ္ဘာစစ်ပြီးချိန်က စလို့ ၂၀၀၉ခုနှစ်မှာ ပထမအကြိမ်အဖြစ်နဲ့ ဆုတ်ယုတ်လိမ့်မယ်လို့ ယုံကြည် ကြောင်း ကမ္ဘာ့ဘဏ်က ပြောကြားလိုက်ပါတယ်။ တနင်္ဂနွေနေ့က ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ ကမ္ဘာ့ ကုန်သွယ်ရေးဟာ နှစ်ပေါင်း ၈၀အတွင်း ပဏာမ အကြီးဆုံး ကျဆင်းသွားမယ်လို့ ခန့်မှန်းထားပြီး အာရှနိုင်ငံတွေမှာ ဆုံးရှုံးမှု အများဆုံး ဖြစ်မယ်လို့ ပြောဆိုထားပါတယ်။

အခု ကြုံတွေ့နေရတဲ့ ကမ္ဘာ့စီးပွားရေး ပြဿနာကနေ ဆင်းရဲ့တဲ့ ဖွင့်ဖြိုးဆဲ နိုင်ငံတွေအတွက် အမေရိကန် သန်းထောင်ပေါင်း များစွာ လိုငွေတွေ ပြလာနိုင်တယ်လို့ ဆိုပါတယ်။ အလုပ်အကိုင် ဖန်တီးမှုတွေ လုပ်ပြီးစီးပွားရေး ကျဆင်းမှုကို ကျားကန်ဖို့ ကြိုးစားပေမဲ့လည်း ဖွင့်ဖြိုးဆဲ နိုင်ငံ ၄နိုင်ငံမှာ ၁နိုင်ငံလောက်ပဲ အဆင်ပြေနိုင်မယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ စက်မှု နိုင်ငံတွေကို ကြည့်ရင် ၂၀၀၀၉ခုနှစ်ဟာ ၂၀၀၈ခုနှစ်ထက်စာလျှင် လျော့ကျနိုင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ရောဘတ် ဇိုးလစ်ကတော့ လူမှုရေးနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကို ရှောင်ရှားနိုင်ဖို့နဲ့ အလုပ်အကိုင်သစ်တွေ ဖန်တီးနိုင် ဖို့အတွက် ရင်းနှီးမှုတွေ လုပ်ကြဖို့ ဆော်သြလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG