သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမားနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အိမ်ဖြူတော်မှာ တွေ့ဆုံ


၂၀၀၉ ခုနှစ်ကတော့ ကုလသမဂ္ဂအတွက်ရော အဖွဲ့ဝင်နိုင်ငံများအတွက်ပါ လုပ်ရင် လုပ်၊ မလုပ်ရင် ပြုတ်မယ့်နှစ်ပဲလို့ အင်္ဂါနေ့က အိမ်ဖြူတော်မှာ ဘရက်ခ် အိုဘားမား(Barack Obama) နဲ့ တွေ့ဆုံစဉ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ပြောဆိုလိုက်ပါတယ်။

ကမ္ဘာ့စီးပွားရေး ကျဆင်းမှု၊ ရာသီဥတုပြောင်းလဲမှု၊ ဒါဖောဒေသက ဒုက္ခသည် များရဲ့ အခြေအနေ အပါအဝင် အကျပ်အတည်းအများအပြားကို ၂၀၀၉ ခုနှစ်မှာ
ကုလသမဂ္ဂအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဘန်ကီမွန်းက ပြောဆိုပါတယ်။

ဘန်ကီမွန်းဟာ သူမတူအောင် ကုလသမဂ္ဂကို ဦးဆောင်မှုပေးနိုင်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက ချီးကျူးစကား ပြောကြားပါတယ်။

ကမ္ဘာကြီးပူနွေးလာနေမှု၊ အာဖဂန်စစ်ပွဲ၊ ဆူဒန်နိုင်ငံက အခြေအနေများနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ နီးနီးကပ်ကပ် အတူတွဲ လုပ်ကိုင် လိုကြောင်း သမ္မတအိုဘားမားက ပြောဆိုပါတယ်။

နိုင်ငံတကာရဲ့ အင်အားကြီးတဲ့၊ ညီညွတ်တဲ့ အမှာစကား ဆူဒန်နိုင်ငံကို ပါးလိုက်တဲ့အတွက်လည်း အမေရိကန်သမ္မတက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို ချီးကျူးလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG