သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာများကို ကုလအကူအညီပေးရေး စစ်အစိုးရ သဘောတူ


မြန်မာပြည်က လှေစီးပြီး ထွက်ပြေးနေကြတဲ့ ရိုဟင်ဂျာမွတ်စလင်များနေထိုင်ရာ ရခိုင်ပြည်နယ်မှာ ကူညီထောက်ပံ့ရေး လုပ်ငန်းများ လုပ်ဆောင်သွားမယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (UNHCR) က ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အဲဒီလိုလုပ်ဆောင်ဖို့ စစ်အစိုးရက ကြာသပတေးနေ့မှာ သဘောတူ ခွင့်ပြုခဲ့ကြောင်း၊ ကျန်းမာ ရေး၊ ပညာရေး၊ ရေနဲ့မိလ္လာ သန့်ရှင်းရေး၊ စိုက်ပျိုးရေး စတဲ့ အခြေခံအဆောက်အဦ လုပ်ငန်းတွေကို လုပ်ဆောင်သွားဖို့ စီစဉ်
ထားကြောင်းဖြင့် UNHCR မင်းကြီး အန်တိုနီယို ဂူတာရပ်စ် (Antonio Guterres) က ပြောဆိုပါတယ်။

ကြာသပတေးနေ့မှာ ကုန်ဆုံးတဲ့ မြန်မာနိုင်ငံသို့ ၆ ရက်ကြာခရီးအတွင်း UNHCR မင်းကြီး ဂူတာရပ်စ်ဟာ မြန်မာစစ်အစိုးရ ခေါင်းဆောင်များနဲ့ ဆွေးနွေးခဲ့ပြီး ရခိုင်ပြည်နယ်မြို့တော် စစ်တွေကို သွားရောက်ခဲ့တဲ့အပြင် နိုင်ငံတောင်ပိုင်း မြိတ်မြို့ကို လည်း ရောက်ရှိသွားခဲ့ပါတယ်။

မကြာသေးခင်လများအတွင်းက ထောင်ဂဏန်းနဲ့ချီရှိတဲ့ ရိုဟင်ဂျာများဟာ မြန်မာပြည်ကနေ လှေများစီးပြီး ထိုင်းနဲ့ အိမ်နီးချင်း နိုင်ငံများကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG