သုံးရလွယ်ကူစေသည့် Link များ

နော်ဝေရင်းနှီးမြှုပ်နှံမှု မြန်မာကြောင့် ရပ်ဆိုင်း


တရုတ်နိုင်ငံ ဒန်ဖွန်း မော်တော်ကားကုမ္ပဏီကြီးက စစ်တပ်အုပ်စိုးနေတဲ့ မြန်မာနိုင်ငံကို စစ်တပ်သုံးမော်တော်ယာဉ်များ ရောင်းချတဲ့အတွက် နော်ဝေနိုင်ငံက အဲဒီ တရုတ်မော်တော်ကား ကုမ္ပဏီမှာ ငွေရင်းနှီးမြှုပ်နှံထားတာကို ရပ်လိုက်ပါပြီ။ နော်ဝေ ရေနံနဲ့ ဓါတ်ငွေ့က ရတဲ့ငွေများကို အဲဒီတရုတ် ဒန်ဖွန်း မော်တော်ကားထုတ်လုပ်တဲ့ ကုမ္ပဏီမှာ ငွေရင်းနှီးမြှုပ်နှံ ထားတာဖြစ်ပြီး စစ်ဖက်သုံး မော်တော်ယာဉ်များ ရောင်းချခြင်းအားဖြင့် မြန်မာစစ်အာဏာရှင်စနစ်ကို အထောက်အကူပြုနေတဲ့ ကုမ္ပဏီကို နော်ဝေနိုင်ငံက ငွေကြေးမပတ်သက်နိုင်ဘူးလို့ နော်ဝေအစိုးရ ဘဏ္ဍာရေးဝန်ကြီး ခရစ်စတန် ဟာဗွန်ဆင်းန် က သောကြာနေ့ မှာ ကြေညာပါတယ်။

နော်ဝေနိုင်ငံအနေနဲ့ ရေနံနဲ့ဓါငွေ့ကရတဲ့ အစိုးရပင်စင် ကမ္ဘာ့ရန်ပုံငွေလို့ တရားဝင် အမည်ပေးထားတဲ့ ငွေတွေနဲ့ နိုင်ငံခြား စတော့များ၊ ငွေချေးစာအုပ်များ ၀ယ်ယူမြှုပ်နှံနေတာဖြစ်ပြီး တနေ့နေ့ တချိန်ချိန် နော်ဝေနိုင်ငံမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့များ ခမ်းခြောက်သွားရင် သုံးစွဲမယ့် အရံ ငွေပင်ငွေရင်းများ ဖြစ်ပါတယ်။

အခုအခါ အဲဒီ ရန်ပုံငွေ ဒေါ်လာ ၃ ဘီလီယံ တန်ဘိုးရှိပြီး နော်ဝေနိုင်ငံကလည်း လောလောဆယ် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ များ နိုင်ငံခြားတိုင်းပြည်များကို တင်ပို့ရောင်းချနေတဲ့နိုင်ငံ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG