သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသေးစား စီးပွားရေး လုပ်ငန်းများ အမေရိကန် အစိုးရ ထောက်ပံ့မည်


အမေရိကန်နိုင်ငံအတွင်း စီးပွားရေး ကျဆင်းမှုကို ပြန်လည် အရှိန် မြှင့်နိုင်ဖို့အတွက် အသေးစား စီးပွားရေးလုပ်ငန်း ငယ်တွေကို ချေးငှားဖို့ ဒေါ်လာ ငွေ ဘီလီယံနဲ့ ချီပြီး အသုံးပြုရေး ကိစ္စကို တောင်းဆိုမှာ ဖြစ်တယ်လို့ သမ္မတ ဘရက်ခ် အိုဘားမားရဲ့ ထိပ်တန်းစီးပွားရေး အကြံပေးအရာရှိ တဦးက ပြောဆိုလိုက်ပါတယ်။ အိမ်ဖြူတော်ရဲ့ စီးပွားရေး အကြံပေး အဖွဲ့ဝင် အော်စတန် ဂူးပီးလ်စ် က အမေရိကန် ရုပ်မြင်သံကြားအစီအစဉ်တခု ဖြစ်တဲ့ FOX နယူး ဆန်းဒေးနဲ့ တွေ့ဆုံ မေးမြန်း ခန်း တခုမှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပြီးတော့ ဒီနေ့ တနင်္လာနေ့မှာ ဒီစီမံကိန်းကို အပြည့်အစုံ ကြေညာမှာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ အထူးသဖြင့် အခု အစိုးရ ချေးငှားမယ့် ကိစ္စဟာ အာမခံချက်နဲ့ အတူ အတိုးနှုန်းတွေကိုလည်း လျှော့ချ ပေးမယ်ဆိုတာတွေလည်း ပါဝင်နေတာမို့ ဒီကိစ္စဟာ စီးပွားရေး လုပ်ငန်းငယ်လေးတွေကို လမ်းဖွင့်ပေးလိုက်တာ ဖြစ်တယ် လို့ ဆိုပါတယ်။

အမေရိကန် နိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ လျော့ကျလာရေးအတွက် အခုလို စီးပွားရေး လုပ်ငန်းငယ်တွေကို အားဖြည့် ပေးတာဟာ အခြေခံ ကျတဲ့ ကိစ္စတခုဖြစ်တယ်လို့လည်း သမ္မတ ဘားရက်ခ် အိုဘားမားရဲ့ အစိုးရက မျှော်လင့်ထားတယ်လို့ မစ္စတာ အော်စတန် က ပြောပါတယ်။ ရီပတ်ဗလစ်ကန် လွှတ်တော်အမတ် အေးဗစ် ကာတွန်ကတော့ လုပ်ငန်းငယ်တွေ အပေါ် အခွန်အခတွေ မြင့်တက်လာတာတွေဟာ ဒီလုပ်ငန်းငယ်တွေနဲ့ အလုပ်လက်မဲ့ ဦးရေ မြင့်တက်လာမှုတွေရဲ့ အခြေခံ ဖြစ်တဲ့ ပြဿနာဖြစ်တယ်လို့ ပြောသလို သူတို့ ပါတီအနေနဲ့ ဒါဟာ သမားရိုးကျ နည်းလမ်းမဟုတ်ဘူးဆိုတာကို ထောက်ပြ မှာ ဖြစ်တယ်လို့လည်း ပြောပြမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG