သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မာဒါဂတ်စကာ သမ္မတနန်းတော် စစ်တပ် သိမ်းပိုက်


မာဒါဂတ်စကာ (Madagascar) နိုင်ငံရဲ့ မြို့တော် အဲန်တာနယ်ရီဂို မှာ စစ်သားတွေက သမ္မတ ရုံးစိုက်တဲ့ အိမ်တော်ကို တနင်္လာနေ့ ညနေပိုင်းမှာ သိမ်းပိုက်လိုက်ပါတယ်။

သမ္မတ မာ့က်ရာဗယ်လ်လို မန်နာနာ ကို ဖမ်းဆီးဖို့အတွက် အတိုက်အခံခေါင်းဆောင် အင်ဒရေးဂျူလီနီယာ က တောင်းဆို လိုက်ပြီးတော့ မကြာခင်မှာ စစ်သားတွေက သမ္မတရုံးတော်ကို သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။ စစ်သားတွေက ရုံးထဲကို ဝင်ရောက်ပြီးတော့ သမ္မတ ရုံးတော်ထဲမှာရှိတဲ့သူ အားလုံး ထွက်ခွာသွားရမယ်လို့ အမိန့်ပေးခဲ့တဲ့အချိန်မှာ သမ္မတ က ရုံးထဲမှာ မရှိခဲ့ပါဘူး။

သမ္မတ ဟာ အဲန်တာနယ်ရီဂို မြို့က အခြားတနေရာကို ရောက်နေပါတယ်။ အဲဒီမှာ သမ္မတကို ထောက်ခံသူတွေက အတား အဆီးတွေ ကာရံထားပြီးတော့ စစ်သားတွေက အဲဒီ အတားအဆီးတွေကို ဖယ်ရှားပေးဖို့ အမိန့်ပေးနေတဲ့အကြောင်းကို အေပီ သတင်းမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ စစ်သားတွေ အတားအဆီးတွေကို ကျော်ပြီးတော့ အဲဒီနေရာကို ဝင်ရောက်-မရောက် ဆိုတာလည်း သဲသဲကွဲကွဲ မသိရသေးပါဘူး။ အမေရိကန်ပြည်ထောင်စုကတော့ မတူကွဲပြားဖြစ်နေတဲ့ နိုင်ငံရေး ပြဿနာ တွေကို ပါတီပေါင်းစုံ ပါဝင်တဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့လိုတယ်လို့ ပြောဆိုလိုက်သလို အီးယူ ဥရောပသမဂ္ဂ ကတော့ မာဒါဂတ်စကာ မှာ အာဏာသုံးပြီး တက်လာတဲ့ ဘယ်ခေါင်းဆောင်ကိုမဆို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG