သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အညစ်အကြေး (Dirt) ဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


အခုတပတ် တင်ပြထားတဲ့ အီဒီယံအသုံးအနူန်းများကတော့ Dig up the Dirt, Dish up the Dirt, Sweep the dart under the rug, Dirt Cheap တို့ ဖြစ်ပါတယ်။

ပထမ အီဒီယံအသုံးအနူန်း = Dig up the Dirt (တိုက်ရိုက် အဓိပ္ပာယ် ဖွင့်ဆိုချက် "အမှိုက်သရိုက်၊ အညစ်အကြေးတို့ကို တူးဖော်သည်")။ အီဒီယံအသုံးအနှုန်းကတော့ "အရှုတ်တော်ပုံကို ဖော်ထုတ်တာ (သို့) တယောက်ယောက်ကို စိတ်အနှောက် အယှက်ပေးတာ၊ နစ်နာစေတာကို ဖော်ထုတ်ယူခြင်း" လို့ အဓိပ္ပာယ် ရပါတယ်။

ဥပမာ - "We spent weeks trying to dig up dirt on this guy. We talked to his enemies and looked at court records. The only dirt we found is two traffic tickets for speeding."

"ဒီအမျိုးသားမှာ ဘာအရှုတ်တော်ပုံများ ရှိထားသလဲဆိုတာ သိရအောင် ကျနော်တို့ ကြိုးပမ်းရှာဖွေခဲ့တာ သတင်းအပတ် အတော်ကြာခဲ့ပြီ။ ကျနော်တို့က သူရန်ဘက် တွေကို မေးမြန်းခဲ့ပြီး တရားရုံးက မှတ်တမ်းတွေလည်း ရှာဖွေကြည့်ထားခဲ့တယ်။ တခုတည်း တွေ့တဲ့ သူ့သတင်းဆိုးကတော့ ကားမောင်းကြမ်းလို့ ယာဉ်ထိမ်းရဲက ဒဏ်တပ်ထားတဲ့ လက်မှတ်နှစ်ဆောင် ဘဲ ရထားဘူးတယ်"

ဒုတိယ အီဒီယံအသုံးအနူန်း = Dish the Dirt (တိုက်ရိုက် အဓိပ္ပာယ် ဖွင့်ဆိုချက် "အညစ်အကြေးတွေကို ခူးခပ်ယူခြင်း")။ အီဒီယံအသုံးအနှုန်းကတော့ "အရှုတ်တော်ပုံအကြောင်း သိက္ခာကျစရာအကြောင်းကို ဖြန့်ခြင်း" လို့ အဓိပ္ပာယ် ရပါတယ်။

ဥပမာ - "I hear Pete and Mary aren't getting along these days. In fact, they say she is talking about a divorce. Bill, you are their closest friend. So, come on dish up the dirt about them."

"ပိ နဲ့ မယ်ရီ တို့ အခုတလော မကြည်ကြဘူးလို့ ကျနော် ကြားတယ်။ တကယ်တော့ အမျိုးသမီးက ကွဲရှင်းဖို့ ပြောနေတယ်လို့ သူတို့က ဆိုကြတယ်။ ဘေလ် ခင်များက သူတို့ရဲ့ အရင်းနှီးဆုံး မိတ်ဆွှေမဟုတ်လား။ ကဲပါ သူတို့အကြောင်း အရှုတ်အရှင်းတွေ ခင်များသိတာ ပြောစမ်းပါဗျာ။"

တတိယံ အီဒီယံအသုံးအနူန်း = Sweep the dirt under the rug (တိုက်ရိုက် အဓိပ္ပာယ် ဖွင့်ဆိုချက် "ဖုန်တွေ အမှိုက်သရိုက်တွေကို ကော်ဇော်အောက်ထဲကို လှဲထဲ့သွင်းခြင်း")။ အီဒီယံ အသုံးအနှုန်းကတော့ "လူကြားသူကြား မကောင်းသတင်းများ မပေါက်ကြား ရအောင် ဖုံးအုပ်ဖုံးကွယ်ခြင်း" အဓိပ္ပာယ် ရပါတယ်။

ဥပမာ - "The mayor tried to sweep the corruption (dirt) at the city hall under the rug, but a smart TV reporter dug it up anyway. And, now three top city officials faces criminal charges and maybe jailed."

"မြို့တော်ဝန်က မြို့တော်ခန်းမမှာ အာဂတိလိုက်စားမှုအကြောင်းကို မပေါက်ကြား ရလေအောင် ဖုံးဖိဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဘယ်ရမလည်း လျှင်လှတဲ့ တီဗွီ သတင်းထောက် တယောက်က အဲဒီအကြောင်းကို လိုက်စုံစမ်းဖော်ထုတ်နိုင်ခဲ့လို့ ထိပ်တန်မြို့နယ် ကောင်စီအရာရှိ သုံးဦးတို့ အခုဆို ရာဇဝတ်မှု နဲ့ တရားစွဲခံနေရပြီ ထောင်တောင် ကျမလား မသိဘူးဗျား။"

နောက်ဆုံး အီဒီယံအသုံးအနူန်း Dirt Cheap (တိုက်ရိုက် အဓိပ္ပာယ် ဖွင့်ဆိုချက် "ဖုန်လိုဘဲ တန်းဖိုးမရှိခြင်း")။ အီဒီယံအသုံးအနှုန်းကတော့ "သိပ်ကိုဈေးပေါနေပြီ" လို့ အဓိပ္ပာယ် ရပါတယ်။

"Bill bought that house dirt cheap. Also, he thought. Then he heard was haunted by the ghost of a murdered young woman. Now, he and his wife lie awake all night listening to strange noises."

"ဘေလ် က အဲဒီအိမ်ကို ပစ်စလက်ခတ် ပေါတဲ့ဈေးနဲ့ ဝယ်နိုင်ခဲ့တယ်။ ဒါကတော့ သူအထင်ပေါ့။ နောက်ကျတော့ အဲဒီအိမ်မှာ အသတ်ခံခဲ့ရတဲ့ အမျိုးသမီးတဦး သရဲခြောက်တယ်လို့ ကြားရော သူနဲ့သူဇနီးတို့ ဟိုကအသံ ဒီကအသံ ထူးထူးဆန်ဆန် အသံတွေကို ကြားမလားလို့ တညလုံး မအိပ်နိုင်ဘဲ နိုးနေခဲ့ကြတယ်။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG