သုံးရလွယ်ကူစေသည့် Link များ

ဘင်္ဂလားနယ်စပ်တွင် မြန်မာစစ်အင်အား တိုးချ


ဘင်္ဂလားဒေ့ရှ် ကုန်းလမ်းနယ်စပ်မှာ မြန်မာစစ်တပ်တွေ တိုးချထားလာပြီးတော့ အငြင်းပွားနေတဲ့ ရေပိုင်နက်ကိုလည်းပဲ တရုတ် တိုက်ရေယာဉ်များ စေလွှတ်ကင်းလှည့်နေတယ်လို့ ဘင်္ဂလာဒေ့ရှ် က လာတဲ့ သတင်းများက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်စပ် ကင်းလှည့်တပ်ဖွဲ့အရာရှိများနဲ့ အစိုးရတာဝန်ခံများက ကြာသပတေးနေ့မှာ အဲဒီလို ပြောကြားတာပါ။ ဘင်္ဂလားဒေ့ရှ် ဗိုလ်မှူးကြီး အက်ဘ်ဒူခါလက် က မြန်မာစစ်တပ်ဟာ နယ်စပ်မှာ ကာရံနေတဲ့ ကီလို ၂၀၀ ရှည်လျားတဲ့ သံဆူး ကြိုး အတားအဆီးများ ဗုဒ္ဓဟူးနေ့မှာ အပြီးလုပ်ဖွယ်ရှိတယ် ပြောဆိုကြောင်း အေအက်ဖ်ပီ ပြင်သစ်သတင်းအေဂျင်စီက ကိုးကား ဖော်ပြပါတယ်။

မြန်မာဘက်က အဲဒီလို သံဆူးကြိုးတွေ ကာရံမယ်ဆိုတာ မိမိတို့ဘက်က ဘာပြဿနာမှ မရှိပါဘူးလို့ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် တောင်ဟွတ် ဟူစိန် က ဆိုပြီး၊ မြန်မာသံအမတ်နဲ့ အရင်အပတ်က မိမိ တွေ့ဆုံဆွေးနွေးစဉ် အဲဒီလို မြန်မာဘက်က ကာရံမယ့်ကိစ္စ မပါခဲ့ဘူး။ မြန်မာနယ်စပ်ရှိ ရိုဟင်ဂျာများကိစ္စကိုပဲ ဆွေးနွေးခဲ့တယ်လို့ ဆက်လက် ရှင်းလင်း ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်က လူနည်းစု ရိုဟင်ဂျာများ လှေစီးပြီး ထိုင်းနိုင်ငံနဲ့ အိမ်နီးနားချင်းနိုင်ငံများကို ထွက်ပြေးခဲ့ရာကနေ ပြဿနာ ဖြစ်လာခဲ့တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG