သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသက်ရှည်ရာ ရှည်ကြောင်း နည်းလမ်းကောင်းများ


မတ်လ ၁၈၊ ၂၀၀၉။ ကမ္ဘာမှာ အသက်ရာကျော်နေရတယ်ဆိုတာ ရှားရှားပါးပါးဖြစ်ရပ် မဟုတ်တော့ပါဘူး။ လူသက်တမ်းစောင့်ကြည့်အကဲခတ်သူတွေရဲ့ အဆိုအရ ကမ္ဘာမှာ အသက်ရာကျော်ဘိုးဘိုးဘွားဘွား တိုးများသထက် အလျင်အမြန် တိုးပွားလာနေပါတယ်တဲ့။

အသက်ရာကျော် ဘာကြောင့်နေနိုင်သလဲ အခြေခံကျတဲ့မေးခွန်းတွေကို အဖြေရှာနိုင်ဖို့ လူ့သက်တမ်းနဲ့ပတ်သက်ပြီး လေ့လာသုတေသနပြုတွေက ကြိုးစားနေပါတယ်။ အသက်ရာကျော်နေရတဲ့ ရာကျော်ဘိုးဘိုးဘွားဘွားတွေဟာ သာမန်သူတို့ခေတ်ပြိုင်တွေထက် ဘာကြောင့် အသက်ရှည်ရသလဲ ဘာတွေ ကွားခြားသလဲ ဆိုတာတွေကို လေ့လာခဲ့ကြပါတယ်။

အသက်ရာကျော်နေထိုင်သူအားလုံးမှာ အဓိကထင်ရှားတဲ့အချက်ကတော့ လက်ရှိဘဝအပေါ် ပျော်ပျော်ရွှင်ရွင်နှစ်ခြိုက်လိုလားတာ၊ လူ့ဘဝကို ခုံခုံမင်မင်နေထိုင်လိုစိတ်ရှိတာဖြစ်ပါတယ်။

ငယ်စဉ်ကတည်းက ကျန်းမာရေးလိုက်စားတာ၊ ဘဝကို ခုံမင်နှစ်လိုစိတ်ထားတာ၊ အရာရာအပေါ် အပြုစိတ် ထားတာတွေဟာ အသက်ရာကျော် ရှည်ရာရှည်ကြောင်း နည်းလမ်းကောင်းဆိုတာ အခု အပတ်ကျန်းမာရေးအစီအစဉ်မှာ ကိုသားညွန့်ဦးက တင်ဆက်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG