သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးရှေ့နေ ကိုဖိုးဖြူ ထောင်ဒဏ် လေးနှစ်


အဓမ္မ လုပ်အားပေးစေခိုင်းခံနေရတဲ့ မကွေးတိုင်း နတ်မောက် လယ်သမားတွေက အိုင်အယ်အို ကို တိုင်ကြားတာကြောင့် ဖမ်းဆီးခံရတဲ့ အမှုကို လိုက်ရင်း လူအခွင့်ရေး ရှေနေ့ဦးဖိုးဖြူဟာ ဇန်နဝါရီလ ၁၅ရက်နေ့က မကွေးမှာ အဖမ်းခံရပြီးတဲ့ နောက် မကွေးခရိုင် တရားရုံးကနေ အသင်း အဖွဲ့ ဖွဲ့စည်းမှု သင်းဖွဲ့ ပုဒ်မ ၆နဲ့ ထောင်၄နှစ် ချလိုက်ပါပြီ။ ဒီအကြောင်းကို မအေးအေးမာ က သတင်း ပေးပို့ထားပါတယ်။

လူငယ်ရှေ့နေ ကိုပိုးဖြူကို မကြာသေးခင်ကပဲ ထောင်၄နှစ်ချလိုက်တဲ့အကြောင်း ရန်ကုန်မြို့က ရှေ့နေကြီး ဦးခင်မောင်ရှိန် က အခုလိုပြောပြပါတယ်။

“သူက မကွေးမှာလေ။ ၄နှစ်လို့ ပြောတယ်။ မကွေးခရိုင်ရုံးကနေ အသင်းဖွဲ့တယ်ဆိုပြီး ၄နှစ်ချလိုက်တယ်။”

နတ်မောက်ကလယ်သမား ဦးလှစိုးနဲ အောင်လံမြို့က လယ်သမား ဦးဇော်ဌေးတို့၂ဦးဟာ သူတို့ရဲ့ လယ်တွေကို စစ်တပ် ကနေ အဓ္ဓမ သိမ်းဆည်းတာနဲ့ ပတ်သက်ပြီး အိုင်အယ်အို ကို တိုင်ကြားရင်း ဖမ်းဆီးခံရတဲ့သူများ ဖြစ်ပါတယ်။ သူတို့ အဖမ်း ခံရတာနဲ့ ပတ်သက်ပြီး လူငယ်ရှေ့နေ ဦးဖိုးဖြူက အမှုလိုက်ပေး နေရာကနေ တရားရုံး ကြုံတွေ့နေရတဲ့ မမှန်ကန်တဲ့ သက်သေတွေ ကို ခေါ်လာမှု၊ မှန်ကန်တဲ့ သက်သေတွေကို စကားပြောဆိုခွင့် မပေးတာတွေနဲ့ ပတ်သက်ပြီး အချေအတင် ဖြစ်ပြီး ရှေ့နေပါဝါကို ရုပ်သိမ်းပြီး သူနဲ့ တွဲဖက်ဖြစ်တဲ့ ရှေနေ့ ဦးအောင်သွင်လင်းကို အမှု ဆက်လိုက်စေခဲ့ပါတယ်။ ဦးဇော်ဌေး တို့ တရားရုံး ထုတ် စစ်ဆေးတဲ့နေ့မှာ သူရောက်ရှိလာခဲ့ပြီး ရန်ကုန်အပြန်မှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

သူနဲ့ အတူ သင်းဖွဲ့ဖွဲစည်းမှုမှာ ပါတဲ့ လူငယ်ရှေ့နေ ၆ဦးကိုတော့ ကျောက်တံတား ရဲစခန်းမှာ ခေါ်ယူစစ်ဆေးခဲ့ပြီး မေးမြန်း မှုတွေတော့ လုပ်ခဲ့ပါတယ်။ ကိုပိုးဖြူလိုပဲ လူငယ်ရှေ့နေ ကိုညီထွေးကိုလည်း တရားစီရင်ရေးမှာ နှောင့်နှေးစေမှုနဲ့ တရားစွဲ ခဲ့ပြီး ထောင်ဒဏ် ၆လ ချမှတ်ခဲ့ပါတယ်။ ကျောင်းသားတွေ အမှုကို လိုက်ပေးခဲ့တဲ့ ရှေ့နေကြီး ဦးအောင်သိန်းနဲ့ ဦးခင်မောင်ရှိန် တို့ ၂ဦးကိုလည်း တရားရုံးကို မထင်မဲ့မြင် ပြုမှုနဲ့ ထောင်ဒဏ် ၄လစီ ချမှတ်လိုက်ပါတယ်။

အဲဒီရှေ့နေကြီးတွေဟာ မကြာသေးခင်ကမှ ပြန်လည် လွတ်မြောက်လာခဲ့တာပါ။ ကိုပိုးဖြူနဲ့ အတူ အသင်းဖွဲ့ ဖွဲ့စည်းမှုမှာ ပါဝင်တယ်ဆိုပြီး သံတယရှိတဲ့ လူငယ် ရှေ့နေ ၆ဦးကိုတော့ ကျောက်တံတားရဲ့စခန်းမှာ ခေါ်ယူ စစ်ဆေးခဲ့ပြီး မေးမြန်းမှု တွေ လုပ်ခဲ့တပါတယ်။ သူတို့ကိုလည်း ဖမ်းဆီးမယ်ဆိုတဲ့ သတင်းတွေကြောင့် ကိုပိုးဖြူအဖမ်းခံရပြီးနောက်မှာ တိမ်းရှောင် နေရသူများလည်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူတို့ကိုလည်း စစ်ဆေးမေးမြန်မှုတွေ လုပ်ခဲ့တာကြောင့် ရှေ့နေတွေ က တရားခံတွေလို ဖြစ်ပြီး စစ်ဆေးမေးမြန်းခံရတာတွေ ထောင်ချခံရတာတွေ ဖြစ်သွားရပါတယ်။ အခု ကိုပိုးဖြူကို ချမှတ် လိုက်တဲ့ သင်းဖွဲ ့ဥပဒေဟာ ၁၉၈၈ခုနှစ် စစ်အစိုးရတက်လာမှ ပြဋ္ဌာန်းထားတဲ့ ဥပဒေ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG