သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မာဒါဂတ်စကာ သမ္မတသစ်ကို အာဖရိကအုပ်စု လက်မခံ


အဲန်ဒရီ ရာဂျိုလီနား (Andry Rajoelina) ကို မာဒါဂတ်စကာနိုင်ငံရဲ့ သမ္မတအဖြစ် အသိအမှတ် မပြုနိုင်ဘူးလို့ SADC အဖွဲ့ဝင် အာဖရိကတိုက် တောင်ပိုင်းနိုင်ငံများက ကြေညာလိုက်ပါတယ်။

အာဖရိကတိုက်တောင်ပိုင်း ဖွံ့ဖြိုးမှုအဖွဲ့ SADC ထိပ်သီးစည်းဝေးပွဲ ဆွာဇီလန်နိုင်ငံမှာ ကြာသပတေးနေ့မှာ ကျင်းပပြီး အဲဒီလို ဆုံးဖြတ်ချက် ချမှတ်လိုက်တာပါ။ မစ္စတာ ရာဂျိုလီနာ သမ္မတရာထူး ယူလိုက်ခြင်းဟာ မာဒါဂတ်စတာ နိုင်ငံဖွဲ့စည်းပုံနဲ့ မကိုက် ညီဘူးလို့ ဆိုရုံမက အလားတူပဲ နိုင်ငံတကာက အသိအမှတ် မပြုကြဖို့လည်း SADC အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

မာဒါဂတ်စကာ ကို အာဖရိက သမဂ္ဂ ကရော SADC အဖွဲ့ဝင်အဖြစ်ကပါ ရပ်ဆိုင်းထားဖို့ ဇံဘီယာ နိုင်ငံကလည်း တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ အမေရိကန်ရဲ့ နိုင်ငံခြားရေးဌာနကလည်း အာဏာလွှဲတာဟာ ဒီမိုကရေစီနည်းမကျဘူး။ မာဒါဂတ်စကာ အပေါ် ထားရှိတဲ့ အမေရိကန်သဘောထားကို ပြန်လည်သုံးသပ်နေပြီလို့ ထုတ်ပြန်ကြေညာပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG