သုံးရလွယ်ကူစေသည့် Link များ

မတ် လဟာ အမေရိကန်အမျိုးသမီးများလ ဘာကြောင့် ဖြစ်လာရတာလဲ?


နိုင်ငံတကာ အမျိုးသမီးများနေ့ကို ကုလသမဂ္ဂ က မတ်လ ၈ ရက်အဖြစ် သတ်မှတ်ခဲ့သလို အမေရိကန်ပြည်ထောင်စုမှာလဲ မတ်လ ကို အမျိုးသမီးများသမိုင်းတင်လရယ်လို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့်လဲ အမျိုးသမီးများတန်းတူအခွင့်အရေး ရရှိဖို့အတွက် ကြိုးပမ်းမှုတွေအပြင် အမျိုးသမီးများ ထူးချွန်အောင်မြင်မှုတွေကို မီးမောင်းထိုးပြတဲ့လ လို့ ဆိုရင်လဲမှားမယ် မထင်ပါဘူး။ မတ်လ ကို အမျိုးသမီးများသမိုင်းတင်လအဖြစ် ၁၉၈၇ က အမေရိကန်ပြည်ထောင်စုမှာ လွှတ်တော်က သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ အမေရိကန်အမျိုးသမီးများ တန်းတူအခွင့်အရေး ရရှိဖို့ ကြိုးပမ်းခဲ့တဲ့နောက်ခံသမိုင်းကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးများကဏ္ဍမှာ ဒေါ်လှလှသန်း က စုစည်းတင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG