သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေးဆွေးနွေးရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံရောက်ရှိ


မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ခါဆစ် ပီရွန်းဟာ လှေစီးပြေး Rohingya အရေးကိစ္စ အပါအဝင် နှစ်နိုင်ငံ အရေးကိစ္စတွေကို ဆွေးနွေးဖို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် တို့နဲ့ တွေ့ဆုံဖို့ရှိပါတယ်။ ဝန်ကြီး ကဆစ်ရဲ့ ၂ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ် အတွင်း မြန်မာနိုင်ငံဘက်ကနေ ထိုင်းနိုင်ငံထဲကို တရားမဝင် ရောက်ရှိလာနေတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ ကိစ္စ အပါအဝင် ကိစ္စရပ် တော်တော်များများကို ဆွေးနွေးဖို့ ရှိတယ်လို့ ထိုင်းအစိုးရက စနေနေ့က ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာ ရေးသား ဖေါ်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ လက်ရှိ ကယ်တင်ထားတဲ့ ရှိုဟင်ဂျာ ဒုက္ခသည် ၂၀၀၀ ကျော် အပါအဝင် ရိုဟင်ဂျာ လှေစီးပြေး ဒုက္ခသည်တွေရဲ့ ပြဿနာကို ဒေသတွင်းမှာ ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲဆိုတာကို ဆွေးနွေးကြမယ်လို့ မျှော်လင့် ရပါတယ်။ ဒါ့အပြင် မူးယစ်ဆေး မှောင်ခိုကူးနေကြတဲ့ ပြဿနာဖြေရှင်းရေးနဲ့ အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေး ဆိုင်ရာ စီမံကိန်းတွေ၊ စွမ်းအင်ဆိုင်ရာ စီမံကိန်းတွေမှာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်နိုင်ရေးတွေကိုလဲ ဆွေးနွေးကြမှာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံဘက်က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG