သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဘဏ္ဍာရေးဌာနရဲ့ ဘဏ်အကြွေးဆိုးများ ဖယ်ရှားရေး အစီအစဉ်


အမေရိကန် ဘဏ္ဍာရေးစနစ် ပုံမှန်မလည်ပတ်နိုင်အောင် ပိတ်ဆို့နေတဲ့ ဘဏ်တွေရဲ့ အကြွေးဆုံးတွေ ဖယ်ရှားပစ်နိုင်မယ့် အစီအစဉ်တရပ်ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီနေ့ ကြေညာလိုက်ပါတယ်။

ဘဏ်တွေရဲ့အကြွေးဆုံးတွေ၊ နောက် အဲဒီဆုံးနေတဲ့ အကြွေးတွေနဲ့ ဆက်စပ်နေတဲ့ အာမခံ စာချုပ်တွေ ဝယ်ယူရေးအတွက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအသစ်တရပ်ကို ကြေညာလိုက်တာပါ။

ဒုက္ခရောက် အကျပ်ရိုက်နေတဲ့ ဘဏ်တွေရဲ့ အကြွေးဆုံးတွေ ဒေါ်လာသန်းပေါင်း ၅၀၀,၀၀၀ ကနေ သန်းပေါင်း ၁,၀၀၀,၀၀၀ အထိ ဝယ်ယူနိုင်ရေးအတွက် အခွန်ထမ်းတွေရဲ့ ဘဏ္ဍာငွေတွေနဲ့ ပုဂ္ဂလိကပိုင် ရန်ပုံငွေတွေ ပူးပေါင်း မတည်ပြီး အစိုးရ-ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို ကြေညာလိုက်တာ ဖြစ်ပါတယ်။

မနှစ်က အတည်ပြုခဲ့တဲ့ စီးပွားရေးကျားကန်ပေးမယ့် အစီအစဉ်ထဲက ရန်ပုံငွေ တစိတ်တပိုင်းလည်း ဒီကြေညာချက်ထဲမှာ ပါဝင်နေပါတယ်။ ဒီလို ဘဏ်တွေကို ကျားကန်ပေးခြင်းအားဖြင့် လူထုကို ငွေထုတ်ချေးနိုင်ပြီး စီးပွားရေး ပြန်လည် လည်ပတ် စေဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG