သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ အစီရင်ခံစာ နဲ့ ဦးဝင်းတင် သုံးသပ်ဆွေးနွေးချက်


ဆွစ်ဇာလန်နိုင်ငံ (Switzerland) ဂျနီဗာ (Geneva) မြို့မှာ ကျင်းပပြုလုပ်နေတယ့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ လူ့အခွင့်အရေးကောင်စီမှာ မတ်လ (၁၇) ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် သောမတ်စ် ဟိုဟေ ကင်တာနား (Thomás Ojea Quintana) က လက်ရှိမြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ တစောင်တင်သွင်းခဲ့ပါတယ်။ ဖေဖေါ်ဝါရီလအတွင်းမှာ မြန်မာပြည်ကိုသွားရောက်ခဲ့ပြီး စုံစမ်းရခဲ့တဲ့ လူ့အခွင့်အရေးအခြေအနေများ နဲ့ မြန်မာစစ်အစိုးရ ကျင်းပပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်ပေးဖို့ လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။ ပြီးနောက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်းစမ်းစစ်ဖို့ နဲ့ လွတ်လပ်တဲ့ တရားစီရင်ရေး ရှိဖို့နဲ့အတူ စစ်တပ်အတွင်းမှာ လူ့အခွင့်အရေး သင်တန်းတွေပေးဖို့ အချက်များကိုလည်း အကြံပေး ပြောဆိုထားပါတယ်။ မစ္စတာကင်တာနားရဲ့ လူ့အခွင့်အရေး အစီရင်ခံစာကို စစ်အစိုးရကိုယ်စားလှယ်က ကန့်ကွက်ခဲ့ပါတယ်။ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာ နဲ့ စစ်အစိုးရ တုန့်ပြန်ချက်များကို နှစ်ရှည် နိုင်ငံရေးအကျဉ်းသားဟောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တဦးဖြစ်သူ သတင်းစာဆရာကြီး ဦးဝင်းတင်, ကို မသင်းသီရိ (ဗွီအိုအေမြန်မာသတင်းဌာန) မှ ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG