သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးဆိုးလက်ဖက်ဂယက် ဈေးကွက်တခုလုံး ပျက်သလောက်ဖြစ်


မတ် ၂၃၊ ၂၀၀၉ - မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာ တောရောမြို့ပါ၊ လူကြီးကလေး
အရွယ်စုံ လက်ဖက်ကို ကြိုက်နှစ်သက်ကြသူများပါတယ်။ သာရေးနာရေး အလှူအတန်း
ပွဲလန်းသဘင်တွေကအစ ကိုယ့်အိမ်ကိုလာလည်တဲ့ ဧည့်သည်အဆုံး လက်ဖက်နဲ့ ဧည့်ခံ
လေ့ရှိကြပါတယ်။ အရွက်မှာ လက်ဖက်လို့တောင်မှ အရွက်တကာတို့ရဲ့ထိပ်ခေါင်အဖြစ်
ရှေးအခါကတည်းက လက်ဖက်ကို တင်စားပြောဆိုခဲ့ကြတာပါ။ တကယ်ကတော့
လက်ဖက်ဟာ မြန်မာ့ရိုးရာ အစားအစာ စစ်စစ်လို့တောင်မှ ပြောနိုင်ပါတယ်။

ဒီလောက် လူသုံးများတွင်ကျယ်လှတဲ့ လက်ဖက်ထဲမှာ လူကိုအန္တရာယ်ဖြစ်စေတဲ့ စက်မှု
လုပ်ငန်းသုံး Auramine O ဆိုတဲ့ ဆိုးဆေးပါနေတယ်လို့ မြန်မာနိုင်ငံ အစားအသောက်နဲ့
ဆေးဝါးကွပ်ကဲရေးဌာနက စမ်းသပ်တွေ့ရှိပြီးတဲ့နောက် လက်ဖက် အမျိုးအမည် ၄၃
မျိုးဟာ စားသုံးဖို့မသင့်တော်တဲ့အကြောင်း ကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံတဝန်း
ရောင်းချနေတဲ့ လက်ဖက် အမျိုးအမည်ပေါင်း ဘယ်လောက်ရှိတယ်ဆိုတာ တိတိ
ကျကျမသိရပေမယ့် ၄၃ မျိုးဆိုတာကတော့ တကယ့်ကို မနည်းတဲ့အရေအတွက်ပါ။
ဒီထဲမှာ လူသိများထင်ရှားတဲ့ နာမည်ကျော် အမှတ်တံဆိပ်တွေလည်းပါနေပါတယ်။
ဒါ့ကြောင့်လည်း စိုက်ပျိုးသူကနေ လက်လီရောင်းသူထိ လက်ဘက်ဈေးကွက်တခုလုံး
ပျက်လုနီးပါး ထိခိုက်နေရတယ်ဆိုတာ ကျိုးကြောင်း ဆီလျော်တယ်လို့ ဆိုနိုင်ပါတယ်။

လက်ဖက်အရောင်းအဝယ်လုပ်ငန်းမှာ အတော်လေးအဓိကကျတဲ့ ရန်ကုန်မြို့၊
လမ်းမတော်မြို့နယ်မှာရှိတဲ့ ညောင်ပင်လေး ပလာဇာက လက်ဖက်ဆိုင်ပိုင်ရှင်တဦး
ပြောတာကို နားဆင်ကြည့်ပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG