သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် ဒဏ်ခတ်မှု လျှော့ချရေး ဥရောပ စဉ်းစားဖွယ်ရှိ


မြန်မာစစ်အစိုးရဘက်က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် တိုးတက်အောင် လုပ်ခဲ့တယ်ဆိုရင် မြန်မာနိုင်ငံအပေါ် ပြဌာန်းထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို အီးယူ ဥရောပနိုင်ငံတွေဘက်က လျော့ချလိုတဲ့ ဆန္ဒရှိတဲ့အကြောင်း အီးယူ ဥရောပ နိုင်ငံတွေရဲ့ အထူးကိုယ်စားလှယ် Piero Fassino က ပြောပါတယ်။

မနေ့က အင်ဒိုနီးရှားနိုင်ငံ မှာ သတင်းထောက်တွေကို တွေ့ဆုံရာမှာ Piero Fassino က အီးယူ ဘက်က အရေးယူ ပိတ်ဆို့မှု တွေကို သက်တမ်းတိုးရေးကိစ္စဟာ မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးတိုးတက်မှု အခြေအနေပေါ် မူတည်တယ်လို့ ပြောဆို သွားတာဖြစ်ပါတယ်။

ဒီလို မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု သက်တမ်းတိုးမယ် မတိုးဘူးဆိုတာကို ဥရောပ နိုင်ငံတွေရဲ့ မူဝါဒကို အဆုံးအဖြတ် ပေးတဲ့ ဥရောပကောင်စီက လာမယ့် ဧပြီလအတွင်းမှာ အခြေအတင် ဆွေးနွေးကြပါလိမ့်မယ်။

မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေနဲ့ သူတို့နဲ့ နီးစပ်တဲ့သူတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေကို ပစ်မှတ်ထားပြီး စီးပွားရေးနဲ့ သံတမန်ရေးအရ အရေးုယူဒဏ်ခတ်တာတွေကို ဥရောပနိုင်ငံတွေက ပြဌာန်းထားပါတယ်။ ဒီလို အရေးယူမှုတွေကို နောက်ထပ် တနှစ် သက်တမ်းတိုး မတိုး အီးယူဘက်က ဆုံးဖြတ်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းက အတိုက်အခံ အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဥရောပနိုင်ငံတွေက စစ်အစိုးရကို တိုက်တွန်းနေ ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဘို့နဲ့ ၂၀၁၀ မှာ ကျင်းပမယ့်ဆိုတဲ့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကျင်းပဘို့ တိုက်တွန်းထားတာပါ။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးဘူးဆိုရင် မြန်မာစစ်အစိုးရ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ လူအများ လက်ခံယုံကြည်နိုင်တဲ့ အနေအထားမှာ ရှိမှာ မဟုတ်ဘူးလို့လည်း အီးယူ နိုင်ငံခြားရေး ဝန်ကြီးတွေက ပြောဆိုထားပါတယ်။


ဆက်စပ်သတင်းများ ...

XS
SM
MD
LG