သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အဆိုပြုတဲ့ အာဖဂန်ညီလာခံကို အီရန်တက်မည်


အမေရိကန်ပြည်ထောင်စုက အဆိုပြုပြီး ကုလသမဂ္ဂက ကမကထပြု ကျင်းပမယ့် အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ညီလာခံကို တက်မယ့်အကြောင်း အီရန်နိုင်ငံက ပြောပါတယ်။ နယ်သာလန်နိုင်ငံမှာ ကျင်းပမယ့် အဲဒီညီလာခံကို တက်ရောက်မယ့် အကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြု ပြောဆိုပေမယ့် အီရန်နိုင်ငံကို ဘယ်သူ ကိုယ်စားပြု တက်ရောက်မယ် ဆိုတာတော့ မပြောပါဘူး။

အမေရိကန်နိုင်ငံဘက်ကတော့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) တက်ရောက်ပါလိမ့်မယ်။ ဒီညီလာခံကို အီရန်နိုင်ငံ တက်ရောက်အောင် ဖိတ်ကြားပေးဖို့ ဟီလာရီ ကလင်တန်ကပဲ အိမ်ရှင်နိုင်ငံကို အကြောင်းကြားခဲ့ တာပါ။

အာဖဂန်နစ္စတန်နိုင်ငံ လုံခြုံရေးနဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကိစ္စတွေ ဆွေးနွေးဖို့ နိုင်ငံပေါင်း ၈၀ ကျော်ကို နယ်သာလန်နိုင်ငံ The Hague မြို့ကို ဖိတ်ကြားထားတာပါ။ မနှစ်က ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ အလားတူ ညီလာခံကို အီရန်နိုင်ငံက မတက်ရောက်ခဲ့ပါဘူး။

မတ်လ ၃၁ ရက်နေ့မှာ ကျင်းပမယ့် ဒီညီလာခံကို အာဖဂန်နစ္စတန်၊ နယ်သာလန်နဲ့ အမေရိကန်ပြည်ထောင်စုတို့ စုပေါင်း တာဝန်ယူ ကျင်းပကြမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG