သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးပါတီတွေ ဆောင်ရန် ရှောင်ရန် ဗိုလ်ချုပ်မှူးကြီး ပြောကြား


စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နိုင်ငံရေးပါတီတွေအနေနဲ့ ဒီမိုကရေစီ လိုချင်ရင် နိုင်ငံခြားပယောဂကင်းအောင် ရှောင်ရှားကြဖို့ ဒီနေ့ သတိပေး လိုက်ပါတယ်။ နေပြည်တော်မှာ ဒီနေ့ ကျင်းပတဲ့ ၆၄ နှစ်မြောက် တော်လှန်ရေးနေ့
အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၅ မိနစ်ကြာ မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီတွေအနေနဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတွေ၊ အပြန်အလှန် ပုတ်ခတ်တာ တွေ၊ တည်ငြိမ်မှုပျက်ပြားအောင် လှုပ်ရှားတာတွေကို ရှောင်ရှားကြဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သတိပေးလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဟာ နုနယ်သိမ်မွေ့သေးတာမို့ ဂရုတစိုက် စိတ်ရှည်သည်းခံဖို့
ကိုလည်း ပြောဆိုသွားပါတယ်။ စစ်သည်အင်အား ၁၃,၀၀၀ ရဲ့ စစ်ရေးပြ အခမ်းအနား မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အမိုးဖွင့်ကားနဲ့ အလေးပြုခံခဲ့ပါတယ်။

တဆက်တည်းမှာပဲ အမေရိကန်သမ္မတ အိုဘားမားအစိုးရက မြန်မာနိုင်ငံအပေါ်
ရပ်တည်တဲ့ မူဝါဒကို ပြန်ပြီးသုံးသပ်နေတဲ့အချိန်မှာ အမေရိကန်သံတမန်တဦး မြန်မာနိုင်ငံကို လာရောက်ခဲ့တာနဲ့ ပတ်သက် ပြီး မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဆွေးနွေးပြောဆိုဖို့ တံခါးဖွင့်ထားပါတယ်လို့ စစ်အစိုးရ ပြန်ကြားရေး ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြောဆိုလိုက်တဲ့အကြောင်း ကိုးကားပြီး နေပြည်တော်ကလာတဲ့ ရိုက်တာ သတင်းတရပ်မှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG