သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အရာရှိ မြန်မာနိုင်ငံ ခရီးစဉ် နိုင်ငံခြားရေးမူနဲ့ မသက်ဆိုင်


ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အမေရိကန် အရာရှိတဦး မြန်မာနိုင်ငံကို သွားရောက်ပြီး မြန်မာစစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံခဲ့တာဟာ မြန်မာနိုင်ငံ အပေါ်ထားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒနဲ့ ပတ်သက်မှု မရှိတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု အရှေ့တောင်အာရှ ရေးရာ ညွန်ကြားရေးမှူး မစ္စတာ စတီဗင် ဘလိပ်ခ်ဟာ မတ်လ ၂၄ ရက်နေ့က နေပြည်တော်ကို သွားပြီး စစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ တွေ့ဆုံပါတယ်။ မြန်မာနိုင်ငံအပေါ် ထားတဲ့ မူဝါဒကို ပြန်ပြီး သုံးသပ်နေတယ်လို့ အမေရိကန်ပြည်ထောင်စုဘက်က ပြောဆိုထားတဲ့ အချိန်မှာ အခုလို တွေ့ဆုံတာဖြစ်တဲ့အတွက် မြန်မာအရေး အမေရိကန်ရဲ့ ချဉ်းကပ်ပုံ ပြောင်းလဲလာပြီ ဆိုပြီး နိုင်ငံရေး လေ့လာသူတွေ သုံးသပ်ခဲ့ကြပါတယ်။ အကြောင်းစုံကို မညိုညိုလွင်က တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG