သုံးရလွယ်ကူစေသည့် Link များ

ဆိုးဆေးပါ မြန်မာလက်ဖက် အမျိုး ၂၀ စင်ကာပူ ပိတ်ပင်


စင်ကာပူမှာ မြန်မာပြည်ကလာတဲ့ လက်ဖက်များမှာ အ၀ါရောင် စက်မှုလုပ်ငန်းသုံး ဆိုးဆေးများပါနေတာ တွေ့ရလို့ မရောင်းရဘူးလို့ ပိတ်ပင်လိုက်ပါတယ်။

စင်ကာပူ စားသောက်ကုန် စိစစ်ရေးဌာနက မြန်မာပြည်ကလာတဲ့ လက်ဖက်တွေကို စိစစ်သွားရမယ်၊ ဆိုင်များပေါ်မှာ ရှိနေ တဲ့ လက်ဖက်အမျိုးပေါင်း ၂၀ ကို မရောင်းချရလို့ တနင်္လာနေ့မှာ အမိန့်ထုတ်လိုက်ပါတယ်။ အဲဒီ လက်ဖက်တွေထဲမှာ အော်ရာမင်း အို (Auramine O) အမည်ရှိ ဓာတုပစ္စည်းများ ပါရှိလို့ စားသုံးသူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပြီး ကင်ဆာ ရောဂါတောင် ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာပြည်မှာလည်း လူကြိုက်များလှတဲ့ အဲဒီ လက်ဖက်တွေထဲ ဆိုးဆေးတွေ ထည့်ထားလို့ အန္တရာယ်ရှိကြောင်း ကျန်းမာရေးဌာနက ကြေညာထားပါတယ်။

အမေရိကန်နိုင်ငံမှာလည်း မြန်မာပြည်က လာတဲ့ ပရဆေးတချို့ထဲမှာ ခဲနဲ့ တခြား အဆိပ်သင့်စေတဲ့ဓာတ်များ ပါရှိနေ ကြောင်း ကျန်းမာရေးတာဝန်ခံများက စစ်ဆေးတွေ့ရှိလို့ ပိတ်ပင်ထားလိုက်ပါပြီ။

မြန်မာအများအပြားနေထိုင်တဲ့ အင်ဒီယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့မှာ ကလေးဝမ်းနုတ်ဆေး၊ ပရဆေးသုံးစွဲမိတဲ့ ကလေး များရဲ့ သွေးထဲမှာ ခဲဓာတ် အဆင့်မြင့်မားနေတာကို အမေရိကန် ကျန်းမာရေးတာဝန်ခံများက စစ်ဆေး တွေ့ရှိခဲ့တယ်လို့ လည်း သတင်းများ ရရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG