သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

G-20 ညီလာခံမှာ  စီးပွားရေး ဘုံရပ်တည်ချက် ရအောင် ရှာမည်


ကမ္ဘာ့စီးပွားရေး အကျပ်အတည်း ဘယ်လို ဖြေရှင်းကြမလဲဆိုတာ ကြာသာပတေးနေ့ လန်ဒန်မြို့မှာ G-20 ခေါ် ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံ ၂၀ ထိပ်သီး အစည်းအဝေးပွဲ ကျင်းပတဲ့အခါ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားကို အများက အာရုံ စိုက်ကြပါလိမ့်မယ်။ ဗုဒ္ဓဟူးနေ့က ဗြိတိသျှ ဝန်ကြီးချုပ် ဂေါ်ဒန် ဘရောင်း နဲ့ တွေ့ဆုံပြီးတဲ့နောက် အမေရိကန် သမ္မတ အိုဘားမား က G-20 ခေါင်းဆောင်များကြား ကမ္ဘာ့ စီးပွားရေး ပြန်လည် ဦးမော့လာရေး အတူတွဲပြီး လုပ်ကိုင်ကြဖို့ သဘောတူညီမှု ရရှိထားကြောင်း ထုတ်ပြောပါတယ်။ ကိုယ်ကျိုးစီးပွားရေး ကာကွယ်မှုကို အမေရိကန် သမ္မတနဲ့ ဗြိတိသျှ ဝန်ကြီးချုပ်တို့က လက်မခံ ပယ်ချကြပါတယ်။

ဒါပေမဲ့ အမေရိကန် သမ္မတ အိုဘားမားနဲ့ ဗြိတိသျှ ဝန်ကြီးချုပ် ဘရောင်းတို့ က အစိုးရတွေ အနေနဲ့ ငွေပိုမို သုံးစွဲရေး ဆော်သြနေစဉ် တခြား စီးပွားရေး နိုင်ငံများကတော့ ငွေကြေးစနစ် ဥပဒေများ တင်းကျပ်ရေးကို ဦးစား ပေးသင့်ကြောင်းကို ပြောဆိုနေကြပါတယ်။ အများဆုံးနဲ့ အကျုံးဝင်မယ့် အစီအစဉ်တရပ် ၂ခုစလုံး ပါဝင်တာကို G-20 ခေါင်းဆောင်များ ချမှတ်နိုင်ဖွယ်ရှိကြောင်း အမေရိကန် သမ္မတ က ခန့်မှန်း ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG