သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှာ ဝန်ကြီးချုပ် အပြောင်းအလဲဖြစ်


မလေးရှား ဒု-ဝန်ကြီးချုပ် နာဂျစ်ဘ် ရာဇတ်ခ် (Najib Razak) ဟာ မနက်ဖြန် ဝန်ကြီးချုပ် ရာထူးအတွက် ကျမ်းသစ္စာကျိန်ဆိုတော့မှာမို့ ဝန်ကြီးချုပ် အဗ္ဗဒူလာ အာမက် ဘာဒါဝီ (Abdullah Ahmad Badawi) ဒီနေ့ ရာထူးက နှုတ်ထွက်လိုက်ပါပြီ။

မစ္စတာဘာဒါဝီက သူ့ရဲ့နှုတ်ထွက်လွှာကို ဒီနေ့ မလေးရှားဘုရင်ထံ တင်သွင်းလိုက်တာ ဖြစ်ပါတယ်။ မလေးရှားဘုရင်နဲ့ တနာရီနီးပါးကြာ တွေ့ဆုံခဲ့ပြီး နန်းတော်ကအထွက်မှာ သတင်းထောက်တွေကို ပြုံးပြုံးရွှင်ရွှင်နဲ့ နှုတ်ဆက်ခဲ့ပါတယ်။

မစ္စတာနာဂျစ်ဘ်ကလည်း သူ့အနေနဲ့ လူထုရဲ့ ယုံကြည်အားထားမှုကို ထိန်းထားနိုင်ဖို့ အတွက် ကြီးလေးတဲ့တာဝန်ကို ထမ်းဆောင်ရမယ်ဆိုတာ သူ သဘောပေါက် နားလည်တဲ့ အကြောင်း မနေ့က ပြောဆိုလိုက်ပါတယ်။

မလေးရှားနိုင်ငံမှာ သြဇာတိက္ကမ ကြီးမားလှတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက် (Mahathir Mohamad) က မစ္စတာနာဂျစ်ဘ်ဟာ သူ့ရဲ့ လက်ရင်း တပည့်ဖြစ်တာမို့ မစ္စတာဘာဒါဝီထက် ပိုပြီး နိုင်ငံကို အုပ်ချုပ်နိုင်ပါလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG