သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး အရိပ်အရောင် မရှိသေးတဲ့ ကရင်ပြည်နယ်


ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) အပါအဝင် ထိုင်းနိုင်ငံ နယ်စပ်ဒေသတလျှောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ငြိမ်းချမ်းရေးရယူဖို့ ကူညီဆောင်ရွက်ပေးပါလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို မြန်မာစစ်အစိုးရက ပြောဆိုခဲ့ပါတယ်။ ထိုင်းအစိုးရအနေနဲ့ ကေအန်ယူအဖွဲ့အစည်းကို လက်တွေ့တစုံတရာ ချည်းကပ်ပြောဆိုလာခြင်း မရှိသေးပါဘူးလို့ ကေအန်ယူအစည်းအရုံးက ထုတ်ပြန့်ပြောဆိုပါတယ်။ ထိုင်းအစိုးရကြားဝင်ကာ စစ်အစိုးရ နဲ့ ကေအန်ယူ တို့ စေ့စပ်ဆွေးနွေးရေး သတင်းများ ထွက်ပေါ်နေပေမယ့် ယနေ့အချိန်အထိ ကေအန်ယူ နဲ့ မြန်မာစစ်အစိုးရတပ်တွေကြား တိုက်ပွဲတွေ နေ့စဉ်နီးပါး ဆက်လျှက်ဖြစ်ပွားလျှက်ရှိပြီး ထိခိုက်သေကြေမှုတွေ ရှိနေပါတယ်။ ကေအန်ယူ နဲ့ တခြား လက်နက်ကိုင် အင်အားစုတွေ နဲ့ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးစကားပြောရေး၊ စစ်အစိုးရ နဲ့ ထိုင်းနိုင်ငံပြောဆိုချက် စတဲ့ အကြောင်းအရာတွေကို ဘယ်လိုသုံးသပ်ပြီး ပြင်ဆင်မှုတွေရှိနေသလဲ စတဲ့အကြောင်းအရာများကို သိရှိနိုင်ဖို့ ထိုင်းနယ်စပ်အခြေစိုက် ကရင်အမျိုးသား အစည်းအရုံး (KNU - Karen National Union) ဒု-ဥက္ကဌ စောဒေးဗစ်တာကပေါ (David Thakapaw) ကို ဗွီအိုအေဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ် ဆွေးနွေးတင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG