သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂစ်ဒုက္ခသည်အတွက် အမေရိကန်က ဆန်လှူ


မြန်မာနိုင်ငံက လေဘေးဒုက္ခသည်များအား အမေရိကန်က ဆန်တန်ချိန် ၁၆,၀၀၀ လှူဒါန်းလိုက်ကြောင်း အမေရိကန်သံရုံး ယာယီတာဝန်ခံ သံမှူး လယ်ရီ တင်ဂါက ပြောဆိုပါတယ်။

နာဂစ်ဆိုင်ကလုန်း လေမုန်တိုင်း မနှစ်က ကျရောက်စဉ် အထိနာခဲ့တဲ့ လပွတ္တာမြို့အနီးက ဒုက္ခသည်စခန်းကို ကြာသပတေး နေ့က သံမှူး တင်ဂါ သွားရောက်လှူဒါန်းတာဖြစ်ပြီး လေဘေးဒုက္ခသည်များ အဆင်ပြေရေးအတွက် အမေရိကန်က သောက ရောက်နေဆဲပဲလို့ ထုတ်ဖော် ပြောဆိုသွားပါတယ်။

လေဘေးဒုက္ခသည် ၇၅၀,၀၀၀ အတွက် စားနပ်ရိက္ခာ ထောက်ပံ့နိုင်ရေး နိုင်ငံတကာ အထောက်အပံ့များကို ညှိနှိုင်း ဆောင်ရွက် ပေးနေတဲ့ WFP ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ်က ကိုယ်စားလှယ်များလည်း လိုက်ပါသွားကြပါတယ်။ WFP ကို အမေရိကန်က ဒေါ်လာ ၂၉ သန်းဖိုး စားနပ်ရိက္ခာများ ထောက်ပံ့နေလို့ အများဆုံးထည့်ဝင်တဲ့နိုင်ငံ ဖြစ်ပါတယ်။

အာရှတိုက်ရဲ့ စပါးကျီလို့ ခေါ်ဆိုတဲ့ မြန်မာပြည်မှာ ဆန်များပိုလျှံပါလျက် မြန်မာပြည်က ကလေးတွေ ၃ ယောက်မှာ ၁ယောက် ကျ အာဟာရ ချို့တဲ့နေတယ်လို့ WFP က ဆိုပါတယ်။

နာဂစ်ဆိုင်ကလုန်း လေမုန်တိုင်းဒဏ်ကြောင့် လူ ၁၄၀,၀၀၀ လောက် သေကျေပျောက်ဆုံးခဲ့ပြီး လေဘေးဒုက္ခသည် ၂,၄၀၀,၀၀၀ ထဲက တချို့ဟာ ယာယီစခန်းများမှာ နေရဆဲလို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG