သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားဒုံးကျည်ကိစ္စ ကုလ အရေးပေါ် အစည်းအဝေးခေါ်ဖို့ ဂျပန်ပြင်ဆင်


မြောက်ကိုရီးယားက စီစဉ်ထားတဲ့အတိုင်း ဒုံးကျည် ပစ်လွှတ်လိုက်လို့ ဂျပန်နယ်မြေပေါ် ဖြတ်သန်းသွားမယ်ဆိုရင် ဂျပန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်စည်းဝေးပွဲ ခေါ်ယူမယ်လို့ ဆိုပါတယ်။

ပစ်လွှတ်ရင် ရက်ပိုင်းအတွင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးပွဲ ခေါ်ယူမှာဖြစ်ပြီး ရှင်းလင်းပြတ်သားရမယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဂျပန်သံအမတ်က ပြောဆိုပါတယ်။

မြောက်ကိုရီးယားက တကယ်ပဲ ပစ်လွှတ်ခဲ့ရင် ကုလသမဂ္ဂ အနေနဲ့ ဘယ်လိုတုံ့ပြန်မယ်ဆိုတာ အနီးကပ် လုပ်ဆောင်သွားကြဖို့ လန်ဒန် G-20 ထိပ်သီးစည်းဝေးပွဲ တက်ရောက်နေတဲ့ အမေရိကန်သမ္မတ အိုဘားမား (Barack Obama) နဲ့ တောင်ကိုရီးယား သမ္မတ လီမြောင်ဘက်ခ် (Lee Myung-bak) တို့ သဘောတူလိုက်ကြပါတယ်။

မြောက်ကိုရီးယားကတော့ ငြိမ်းချမ်းစွာ အသုံးပြုရေးအတွက် ဂြိုဟ်တုတလုံး အာကာသထဲကို လွှတ်တင်မှာဖြစ်တယ်လို့ ကြေညာထားပါတယ်။ အဲဒါကို ပစ်ချမယ်လုပ်နေကြလို့ စိုးရိမ်ကြောင်း ရုရှားနိုင်ငံကလည်း ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG