သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို ဆက်ပိတ်ဆို့ရေး အမေရိကန်အမတ်များ တိုက်တွန်း


မြန်မာစစ်အစိုးရအပေါ် ဝါဒသဘောထား ပြန်လည်သုံးသပ်တဲ့နေရာမှာ ရှိရင်းစွဲ ဒဏ်ခတ်အရေးယူထားမှုကို ထည့်သွင်း စဉ်းစားပါလို့ အမေရိကန် ကွန်ဂရက်စ်အမတ် ၁၇ ယောက်က နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ထံ စာရေး တိုက်တွန်းလိုက်ပါတယ်။

မြန်မာစစ်အစိုးရအပေါ် အမေရိကန်က ချမှတ်ထားတဲ့ စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှု ရုပ်သိမ်းဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်နေတဲ့အတွက် စိုးရိမ်ပူပန်ကြောင်း အမေရိကန် အောက်လွှတ်တော်အမတ် ၁၇ ယောက်ရဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

အမေရိကန် ဥပဒေအရ ဒဏ်ခတ်အရေးယူထားမှု ရုပ်သိမ်းဖို့ဆိုရင် မြန်မာစစ်အစိုးရဘက်က လိုက်နာမှုတွေ ရှိဖို့ လိုအပ် တယ်၊ အဲဒီထဲမှာ မြန်မာပြည်က နိုင်ငံရေးအကျဉ်းသားအားလုံး၊ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်ပေးရမယ်၊ အရပ်သားများအပေါ် တိုက်ခိုက်မှုတွေ ရပ်ရမယ်၊ အတိုက်အခံ အင်အားစုများ၊ တိုင်းရင်းသား အဖွဲ့အစည်းများနဲ့ စကားဆိုပွဲ လုပ်ရမယ်လို့ မစ္စကလင်တန်ထံပေးတဲ့ စာထဲမှာ သတိပေး ထောက်ပြထားပါတယ်။

ဒဏ်ခတ်အရေးယူမှုဟာ စစ်အစိုးရအပေါ် သက်ရောက်မှု မရှိသလို စစ်ခေါင်းဆောင်တွေကိုလည်း သြဇာသက်ရောက်မှု မရှိလို့ ဝါဒပြုပြင်ရမယ်ဆိုပြီး နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြန်လည် သုံးသပ်ခိုင်းထားတာ ဖြစ်ပါတယ်။

မြန်မာပြည်သူများအတွက် အထောက်အကူပြုရေး စစ်အစိုးရအပေါ် သြဇာရှိရေးအတွက် ရည်စူး နည်းလမ်းရှာကာ အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူး စတီဖင် ဘလိတ်ခ် (Stephen Blake) အား မြန်မာပြည်ကို စေလွှတ်ကာ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ တွေ့ဆုံစေခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG