သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားလက်နက် ပပျောက်ရေး ပူးပေါင်းဆောင်ရွက်ကြဖို့ သမ္မတ အိုဘားမား တိုက်တွန်း


နျူကလီယားလက်နက်တွေ ရှိခြင်းဟာ အန္တရာယ် အရှိဆုံး စစ်အေးကာလရဲ့ အမွေအနှစ်ဖြစ်တယ်လို့ ဥရောပရောက်နေတဲ့ အမေရိကန် သမ္မတ ဘားရက်ခ် အိုဘားမားက ပြောကြားလိုက်ပါတယ်။ ဒီနှစ်မကုန်ခင်မှာ ရုရှားနဲ့ ဗျူဟာမြောက် နျူကလီးယား လက်နက် လျော့ချရေး စာချုပ်တခု ချုပ်ဆိုဖို့ ပြောကြားခဲ့ပြီး အလုံးစုံ ပါဝင်တဲ့ နျူကလီယား စမ်းသပ်မှု တားမြစ် ရေး စာချုပ်ကို အမေရိကန် အထက်လွှတ်တော်က အတည်ပြုပေးအောင် တွန်းအားပေးမယ့် အစီအစဉ်တွေကို သမ္မတ အိုဘားမားက ပြော ကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့ အစောပိုင်းတုန်းက မြောက်ကိုရီးယား ဒုံးပျံတခု လွှတ်တင်ခဲ့တာဟာ နိုင်ငံတကာရဲ့ ဥပဒေတွေ ချိုးဖောက်တာ ဖြစ်တယ်လို့ သမ္မတက ပြောပြီး နိုင်ငံတကာ အနေနဲ့ ပြင်းထန်တဲ့ တုန့်ပြန်မှု လုပ်ဖို့ အချိန်တန်ပြီလို့လည်း ပြောပါတယ်။ ဂျော်ဂျီယာနိုင်ငံကို ထောက်ခံမှုတွေ ဆက်ပေးသွားပြီး သြဇာလွှမ်းမိုးမှု အယူအဆတွေနဲ့ ပတ်သက်ပြီး ပြောဆိုတာတွေကို ပယ်ချလိုက်ပါတယ်။ တချိန်တည်းမှာပဲ ရုရှနိုင်ငံနဲ့လည်း ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ကြဖို့ အမေရိကန် သမ္မတ မစ္စတာ အိုဘားမားက တောင်းဆိုလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG