သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အလုပ်လက်မဲ့နှုန်း ပိုတိုးလာနိုင်


အမေရိကန် နိုင်ငံမှာ အလုပ်လက်မဲ့နှုန်း ၈.၅ ရာခိုင်နှုန်း ရှိနေရာကနေ ဒီထက်ပိုလာဖို့ ရှိလာပေမဲ့ အမေရိကန် နိုင်ငံမှာရော၊ တခြားနိုင်ငံတွေမှာပါ စီးပွားရေး ပြန်လည် နာလန်ထူလာဖို့ လမ်းကို ဆက်ပြီး လျှောက်နေကြဖို့ လုပ်ပါတယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး တင်မိုသီ ဂိုက်နာက ပြောပါတယ်။ တနင်္ဂနွေနေ့ စီဘီအက်စ် ရုပ်သံနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အမေရိကန် နိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းဟာ အမြင့်ဆုံးကို ရောက်နေတာကို တွေ့ရပြီး ကုမ္ပဏီ လုပ်ငန်းတွေက အလုပ်သမားတွေကို ပြန်ငှား လာပြီး နောက်ပိုင်းမှာမှ စီးပွားရေး အပြောင်းအလဲတွေ စလာနိုင်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အမေရိကန် စီးပွားရေး ပြန်တိုးတက်လာမယ့် အရိပ်အရောင်လည်း တွေ့ရတယ်လို့ ဆိုပါတယ်။ ဥပမာ အားဖြင့် အိမ် ချေးငွေ အတိုးနှုန်းကို ထောက်ပြခဲ့ပြီး ဒါဟာ မကြုံဖူးအောင် နိမ့်ကျနေတယ်လို့ ဆိုပါတယ်။ အိမ်မြေဆိုင်ရာ အကြီးအကဲတွေ ဖြစ်တဲ့ ဖန်နီမေးနဲ့ ဖရပ်ဒီ မက်တို့ အပြင် အာမခံ ကုမ္မဏီကြီးဖြစ်တဲ့ အေအိုင်ဂျီကုမ္ပဏီတွေကို အစိုးရ ကိုယ်တိုင်က စီမံမှုဆိုင်ရာ တွေမှာ ဝင်ရောက် ပြုပြင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန် သမ္မတ အိုဘားမားရဲ့ ဂျီအမ် ကားကုမ္ပဏီ ဥက္ကဌ အကြီးအကဲ ထွက်ပေးဖို့ ဆုံးဖြတ်ချက်ဟာလည်း ဒီကုမ္ပဏီကြီးရဲ့ စီမံခန့်ခွဲမှု အဆောက်အဦကို ပြန်ပြုပြင်ပေးဖို့ ကြိုးစားမှုတရပ်ဖြစ်တယ်လို့ မစ္စတာ ဂိုက်နာက ခုခံ ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG