သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီတလီငလျင် လူ ၉၀ ကျော် သေဆုံး၊ အများအပြား ပိတ်မိဆဲရှိ


အီတလီနိုင်ငံ အလယ်ပိုင်း တောင်ထူထပ်တဲ့
နေရာမှာ ဒီနေ့မနက် အရုဏ်မတက်မီ လူတွေ
အိပ်မောကျနေတဲ့အချိန်မှာ အင်အားပြင်းထန်
တဲ့ ငလျင်လှုပ်ခဲ့လို့ လူ ၉၀ ကျော် ၁၀၀ နီးပါး
သေဆုံးပြီး ၁,၅၀၀ ကျော် ဒဏ်ရာရရှိခဲ့
ပါတယ်။

လူအများအပြားဟာလည်း ပြိုကျနေတဲ့
အဆောက်အအုံတွေကြားမှာ ပိတ်မိနေကြပါ
တယ်။ သေဆုံးသူဦးရေ ဒီ့ထက်မက သိသိ
သာသာ ပိုတိုးလာဖွယ်ရှိတယ်လို့ ခန့်မှန်း
ထားပါတယ်။

အီတလီဝန်ကြီးချုပ် ဆီလ်ဗီယို ဘာလူစကိုနီ
(Silvio Berlusconi) က နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။ သူ့ရဲ့
ရုရှားခရီးစဉ်ကိုဖျက်ပြီး ငလျင်ဘေးသင့်ဒေသကို သွားရောက်အားပေးနေပါတယ်။

ရောမမြို့နဲ့ မိုင် ၇၀ အကွာမှာရှိတဲ့ ရှေးဟောင်း လာကီလာမြို့ကို ဗဟိုပြုပြီး ငလျင်
လှုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီငလျင်ရဲ့ ပြင်းအားဟာ ၆.၃ ရှိတယ်လို့ အမေရိကန် ဘူမိ
ဗေဒ တိုင်းတာရေးဌာနက ပြောပေမယ့် အီတလီနိုင်ငံရဲ့ တိုင်းတာချက်အရတော့
ပြင်းအား ၅.၈ ရှိတယ်လို့ ဆိုပါတယ်။

အီတလီနိုင်ငံအလယ်ပိုင်း အာရူဇိုတောင်တန်းဒေသမှာ လူပေါင်း ၁၀၀,၀၀၀ ခန့်
အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

အမေရိကန်သမ္မတ အိုဘားမား (Barack Obama) က ငလျင်ကြောင့် သေဆုံး ပျက်စီး
ဆုံးရှုံးမှုတွေအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့လိုက်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဘန်နဒစ် (Benedict) ကလည်း သေဆုံးဒဏ်ရာရသူတွေအတွက်
အခု ဆုတောင်းပွဲ ကျင်းပနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG