သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား မကြေညာဘဲ အီရတ်ရောက်


အမေရိကန်သမ္မတ ဘရက် အိုဘားမားဟာ ကြိုတင်ကြေညာမထားဘဲ အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တော်ကို ရောက်နေပါတယ်။ ဒါဟာဖြင့် သမ္မတဖြစ်ပြီးကတည်းက ပထမဆုံး အီရတ်ခရီးစဉ်ဖြစ်ပြီး အဆုံးသတ်ဖို့ သူကတိပေးထားတဲ့စစ်ပွဲကို မျက်မြင် သွားကြည့်တာ ဖြစ်ပါတယ်။

ဘဂ္ဂဒက်မြို့တော်မှာ ကားဗုံးဖောက်ခွဲလို့ လူရှစ်ဦးသေဆုံးခဲ့အပြီး နာရီအတော်အကြာ အင်္ဂါနေ့ နေ့လည်ပိုင်းမှာပဲ တူရကီကနေ တဆင့် သမ္မတ အိုဘားမား ဘဂ္ဂဒက်ကို ရောက်သွားတာပါ။

သမ္မတက အီရတ်ခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ စီစဉ်ထားခဲ့ပေမဲ့ ရာသီဥတုဆိုးရွားပြီး မြင်ကွင်းမကောင်းတာကြောင့် ရဟတ် ယာဉ် ပျံသန်းဖို့ မဖြစ်နိုင်တဲ့အတွက် မတွေ့ဖြစ်တော့ပါဘူး။ အဲဒီအစား အီရတ်ဝန်ကြီးချုပ်နဲ့ အီရတ်သမ္မတို့ကို တယ်လီဖုန်းက နေ တဆင့် ဆက်သွယ်ပြောဆိုမယ်လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG