သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းသင့် ပြည်သူအတွက် အမေရိကန် ဆန်လှူ


မြန်မာနိုင်ငံအတွင်း နာဂစ်မုန်တိုင်းဘေးဒဏ်ခံရသူတွေအတွက် ဆန်တန်ချိန် ၁၆၀၀၀ကို အမေရိကန် ပြည်ထောင်စုက ဧပြီလ ၂ရက်နေ့မှာ ပေးလှူလိုက်ပါတယ်။ အခု ပေးအပ်တဲ့ ဆန်အလှူဟာ ကုလသမဂ္ဂရဲ့ WFP ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ကနေ တဆင့် ပေးအပ်ထားတဲ့ အမေရိကန် ဒေါ်လာ ၂၈သန်းဖိုး စားနပ်ရိကာ အစီအစဉ်တွေထဲမှာ ပါဝင်တဲ့ အကူအညီဖြစ်ပါတယ်။

အခုလို နိုင်ငံတကာ အကူအညီတွေ မြန်မာနိုင်ငံက လက်ခံရရှိနေတယ်ဆိုပေမဲ့လည်း မြန်မာနိုင်ငံအတွင်း နာဂစ်မုန်တိုင်းဒဏ် ခံရတဲ့ ဒေသ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာ အကူအညီတွေ အရေးပေါ် လိုအပ်နေတဲ့အကြောင်း ကမ္ဘာ့ကုလသမဂ္ဂ က မတ်လ ၃၀ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အကြောင်းစုံကို မညိုညိုလွင်နဲ့ ကိုသားညွန့်ဦး က တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG