သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒိန်းမတ် ကုန်သင်္ဘော ဆိုမာလီပင်လယ်ပြင်မှာ ပြန်ပေးဆွဲခံရ


ဆိုမာလီ ကမ်းလွန် ပင်လယ်ပြင်မှာ အမေရိကန် အလံ တင်ထားတဲ့ သင်္ဘောကို ဆိုမာလီ ပင်လယ် ဓားပြတွေ ပြန်ပေးဆွဲသွား ကြတယ်လို့ အမေရိကန် ရေတပ်က ပြောပါတယ်။ ဒိန်းမတ်နိုင်ငံသား ပိုင်ဆိုင်တဲ့ သင်္ဘောကို ဆိုမာလီရဲ့ ပို့လန်းဒေသ မြောက်ပိုင်း အီးလ် မြို့ရဲ့ အရှေ့တောင်ဘက် မိုင်၂၈၀ လောက်အကွာမှာ ဒီနေ့ ပြန်ပေးဆွဲသွားတာ ဖြစ်တဲ့အကြောင်း ရေတပ် ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ဂျိမ်း ခန်ဘယ်လ်က ပြောပါတယ်။

တန်ချိန် ၁၇၀၀၀ ပါ ကုန်တင်သင်္ဘော မာ့စ် အလဘားမားမှာ အမေရိကန် နိုင်ငံသား သင်္ဘောသား အယောက် ၂၀ ပါပြီး ကင်ညာနိုင်ငံ မွန်ဘာဆာ မြို့အတွက် အရေးပေါ် စားနပ်ရိက္ခာ အကူအညီတွေ တင်ဆောင်ထားပါတယ်။ ဟင်းသီးဟင်းရွက်ဆီ တန်ချိန် ၉၉၀နဲ့ ပြောင်း၊ ပဲ အရော မထရစ် တန် ၄၀၀၀ ပါတယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာ အေဂျင်စီ ပြောရေး ဆိုခွင့်ရှိသူက ပြောပါတယ်။ အမေရိကန် အလံလွှင့်ထားတဲ့ သင်္ဘောကို အေဒင် ပင်လယ်ကွေ့မှာ ပြန်ပေးဆွဲခံရတာဟာ ဒါဟာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။


ဆက်စပ်သတင်းများ ...

XS
SM
MD
LG