သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန်စပါးဈေး၊ ဒေါ်လာဈေး ပြန်တက်၊ ပြည်ပအဝယ်လိုက်


မတ် ၃၀၊ ၂၀၀၉ - တကမ္ဘာလုံးစီးပွားရေးကျဆင်းနေတာက ဂယက်ရိုက်ခတ်တာ၊
အမေရိကန်ဒေါ်လာငွေနဲ့ မြန်မာကျပ်ငွေ လဲလှယ်နှုန်းတွေ ကျဆင်းသွားတာ၊ တနည်း
အားဖြင့် မြန်မာကျပ်ငွေတန်ဘိုး တက်သွားတာ စတဲ့အချက်တွေကြောင့် ဒီနှစ်စပါးထွက်
ရာသီအစပိုင်းမှာ ဆန်ဈေး၊ စပါးဈေးတွေ ကျဆင်းသွားခဲ့ပါတယ်။ အခုရက်ပိုင်းတွေ
အတွင်းမှာတော့ ဆန်ဈေးရော၊ စပါးဈေးပါ အတက်ဘက်ကိုပြန်ရောက်လာပြီး ဒေါ်လာ
နဲ့ကျပ်ငွေလဲလှယ်နှုန်းလည်း ပြန်မြင့်လာပါတယ်။

ဒီအချိန်အတွင်းမှာပဲ ကျနေခဲ့တဲ့ဒေါ်လာဈေးက ပြန်တက်လာတာကြောင့် ဆန်ကုန်
သည်တွေက ဈေးပိုပေးပြီး ဝယ်လာနိုင်ကြတာ ဖြစ်တယ်လို့လည်း ရန်ကုန်မြို့ခံ
ကုန်သည်ကရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်လာငွေဈေးအခြေအနေနဲ့ ဆန်ဈေးအခြေ
အနေ အဆက်အစပ်ကိုလည်း ပြောပြပါတယ်။

ဆန်ဈေးသာမက စပါးဈေးလည်းတက်တဲ့အကြောင်းကိုတော့ ဖျာပုံဒေသဘက်က စပါး
စိုက်လုပ်ငန်းနဲ့နီးစပ်တဲ့ မြို့ခံတဦးက အသေးစိတ်ရှင်းပြပါတယ်။

အဝယ်ဈေးတွေတက်နေတဲ့အတွက် စားသုံးသူတွေစားတဲ့ဆန်ဈေးလည်း လိုက်တက်ပေ
မယ့် ခုချိန်ထိတော့ ထိခိုက်လောက်အောင် မတက်သေးပါဘူးလို့ ကုန်သည်ကပြောပါ
တယ်။ ပြည်ပအဝယ်ကတော့ ကောင်းနေပြီး ဒီနှစ်ပြည်ပကိုတင်ပို့တဲ့ ဆန်ပမာဏဟာ
မနှစ်ကထက် ပိုများလိမ့်မယ်လို့ဆိုပါတယ်။

နွေစပါးစိုက်တဲ့အချိန်တုန်းက ဆန်ဈေး စပါးဈေးကျနေတဲ့အတွက် အစိုက်လျော့တာ
ကြောင့်ရော၊ နာဂစ်မုန်တိုင်းသင့်ခဲ့တဲ့ ဒဏ်ရာ ဒဏ်ချက်ကလည်း ရှိထားတာမို့ စိုက်ပျိုး
ဖို့ ရင်းနှီးမတည်ငွေ နည်းခဲ့တာတွေကြောင့် စပါးစိုက်ဧက အပြည့်အဝမစိုက်နိုင်၊ မြေဆီ
အလုံအလောက် မကျွေးခဲ့နိုင်တာတွေကြောင့်ရော၊ မျိုးစပါးတွေ ညံ့တဲ့အတွက်ကြောင့်
ရော အထွက်လျော့မှာကတော့ သေချာတယ်လို့ ဖျာပုံမြို့ခံကပြောပါတယ်။

ပြည်ပကိုတင်ပို့တာကလည်း တိုးလာ၊ နွေစပါးအထွက်လည်း လျော့တယ်ဆိုပေမယ့်
ပြည်တွင်းစားသုံးဖို့ဆန်ကတော့ အလုံအလောက်ရှိမှာပါလို့ ကုန်သည်ကတွက်ပြပါ
တယ်။ ဒါပေမယ့်လည်း မြန်မာအစိုးရအာဘော် သတင်းစာတွေမှာရေးသလို တန်ချိန်
၄,၀၀၀,၀၀၀ လောက် ပိုတယ်ဆိုတာကိုတော့ ကုန်သည်က သံသယရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG