သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေ့လာသိကောင်းစရာ ထိုင်းနိုင်ငံရေး


ယနေ့ ထိုင်းနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ လူထုဆူပူအုံကြွမှုတွေက ဝန်ကြီးဟောင်း သက်ဆင် လက်ထက်မှ စတင်ခဲ့တာဖြစ်ပါတယ်။ စစ်တပ်မှ အာဏာသိမ်း ဝင်ရောက်ဖြေရှင်းကာ သက်ဆင် ရှင်နဝထရာ (Thaksin Shinawatra) အစိုးရကို ဖယ်ရှား၊ သူရဲ့ ထိုင်းရတ်ထိုင်းပါတီ (Thai Love Thai Party) ကိုလည်း ဖျက်သိမ်းပြီး ရွေးကောက်ပွဲကို ကျင်းပခဲ့တယ်။ ဒီမိုကရေစီ ရွေးကောက်ပွဲနဲ့ အစိုးရသစ်ကို ရွေးချယ်တင်မြှောက်ခဲ့ပေမယ့် အာဏာရအုပ်စု People Alliance for Democracy နဲ့ ဝန်ကြီးချုပ်သစ် ဆမတ် ဆွန်ဒရာဝေး (Samak Sundaravej) နဲ့ အစားထိုး ဝန်ကြီးချုပ်သစ် စုမ်ချိုင်း ဝုန်စဝတ် (Somchai Wongsawat) ကို ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရဲ့ လက်ဝေခံလူများ၊ ရုပ်သေးအစိုးရဖြစ်တာကြောင့် လူထုဆန္ဒပြပွဲများနဲ့ ဆမတ် နဲ့ စုမ်ချိုင်း အစိုးရများကို ဖြုတ်ချခဲ့ပြီး ဒီမိုကရက်တစ်ပါတီ (Democratic Party) ခေါင်းဆောင် အဘီဆစ် ဝီချာချီ၀ (Abhisit Vejjajiva) ကို ရွေးကောက်တင်မြောက် အစိုးရသစ် ဖွဲ့စည်းခဲ့ပြန်တယ်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ကို ထောက်ခံတဲ့ လူများက တဖန် လက်ရှိ အာဏာရ အဘီဆစ် အစိုးရကို ဆန့်ကျင်ဆန္ဒပြနေပြီး သူတို့အနေနဲ့ လူထုအာဏာနဲ့ အဘီဆစ်အစိုးရကို ဖြုတ်ချမယ်လို့ ရာဇသံပေးကာ နေ့စဉ် ဆန္ဒပြနေကြပါတယ်။

ဒီလို ထိုင်းနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး မတည်မငြိမ်ဖြစ်နေမှု အခြေအနေ၊ ပြည်သူတွေ အပြန်အလှန် ဆန္ဒပြမှုတွေက ဒီမိုကရေစီနည်းအရ ဖြေရှင်းတယ်လို့ ခေါ်နိုင်မလား၊ ထိုင်း ဒီမိုကရေစီစနစ်အပေါ် သုံးသပ်ချက် (မြန်မာပြည်အတွက် အားကျနမှုနာယူစရာလား)၊ ဒီမိုကရေစီဖြစ်စဉ် (အင်ဒိုနီးရှားနိုင်ငံ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ် နဲ့ နှိုင်းယှဉ်ချက်)၊ ထိုင်းနိုင်ငံသားများရဲ့ ဘုရင်ကြီးအပေါ် မှီခိုအားထားမှု နဲ့ ဘုရင်ကြီးရဲ့ အခန်းကဏ္ဍ နဲ့ မြန်မာ့အနာဂတ် ဒီမိုကရေစီစနစ် ပုံစံ စသည်တို့ကို ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဇော်မင်း နဲ့ မြန်မာ့အရေးလေ့လာ သုံးသပ်နေသူ ဦးကျော်လင်းဦး တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG