သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနှီးရှားလွှတ်တော် ရွေးကောက်ပွဲ ကျင်းပ


ကျွန်းကြီး ကျွန်းငယ် ထောင်ပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ အင်ဒိုနီးရှား နိုင်ငံမှာ လွှတ်တော် ရွေးကောက်ပွဲ ဒီနေ့ ကျင်းပတဲ့အခါ နိုင်ငံရေး ပါတီ ၄၀ နီးပါးက လွှတ်တော် ကိုယ်စားလှယ်လောင်း သောင်းဂဏန်းများနဲ့ ယှဉ်ကာ ဝင်ရောက် ယှဉ်ပြိုင်ကြပါတယ်။ ၁၉၉၈ ခုနှစ်မှာ အင်ဒိုနီရှားနိုင်ငံမှာ အနှစ် ၃၀ ကျော် အုပ်ချုပ်သွားတဲ့ အာဏာ ရှင် ဗိုလ်ချုပ်ကြီး ဆူဟာတို ပြုတ်ကျ သွားပြီးတဲ့နောက် အခုအကြိမ်က တတိယအကြိမ် ပြုလုပ်တဲ့ ရွေးကောက်ပွဲ ပါ။ အင်ဒိုနီးရှားနိုင်ငံဟာ အတော်အသင့် တည်ငြိမ်ပြီးတော့ ဒီမိုကရေစီလည်းပဲ အောင်မြင်နေပြီး မဲ မသမာမှု တွေ၊ နိုင်ငံရေး တင်းမားမှုတွေကြောင့် ဆူဆူပူပူ ဖြစ်လာနိုင်ကြောင်း ဆန်းစစ်သူများက ခန့်မှန်းနေကြ ပါတယ်။ ဇူလိုင်လမှာ အင်ဒိုနီးရှား သမ္မတ ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG